CDM တွင်ပါဝင်သည့် စိုက်ပျိုးရေးဌာနဝန်ထမ်းများကို ပြည်နယ်ဦးစီးမှူးခြိမ်းခြောက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ CDMတွင် ပါဝင်သည့် ဝန်ထမ်းများကို
လစာပေးမည်မဟုတ်ကြောင်း ပြည်နယ်ဦးစီးမှူးက ခြိမ်းခြောက်ပြောဆိုသည်ဟု သိရသည်။
CDM တွင်ပါဝင်သည့် စိုက်ပျိုးရေးဌာနဝန်ထမ်းများကို ပြည်နယ်ဦးစီးမှူးခြိမ်းခြောက်

 

စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်လျက်ရှိသည့် စိုက်ပျိုးရေးဦးစီးဌာနမှ
ဝန်ထမ်းများကို လစာမပေးနိုင်ကြောင်း ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ခြိမ်းခြောက်ပြောဆိုသည်ဟု
ဝန်ထမ်းတစ်ဦးက The 74 Media ကို ပြောသည်။
“၂၄ရက်နေ့ ဒီနေ့ ရုံးပြန်တက်ဖို့ စာထွက်ထားတယ်။ ကျွန်တော်တို့ကလည်း ရုံးပြန်မတက်ဘူး။
ဆိုတော့ CDM လုပ်တာကြောင့် လစာမပေးဘူး၊ ထိန်းထားပေးမယ် ပြောတယ်။
ရုံးပြန်တက်ရင် ပေးမယ်ဆိုပြီး ခြိမ်းခြောက်တဲ့သဘောပေါ့”ဟု ပြောသည်။
အဆိုပါဝန်ထမ်းများသည် လက်ရှိနေထိုင်သော ဝန်ထမ်းအိမ်ယာ၌ ဆက်နေလျှင် ရုံးပြန်တက်ရန်အတွက်
လက်မှတ်ထိုးခိုင်းမည်ဖြစ်၍ ဆက်မနေ​ေတာ့ဘဲ မိမိဒေသသို့ ပြန်မည်ဟု သူက ဆက်ပြောသည်။
မြစ်ကြီးနားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ဝန်ထမ်းစုစုပေါင်း(၁၀)ဦးရှိသည်။
သင့်ထင်မြင်ချက်ရေးပေးပါ