News

ရေဘေးကြုံတွေ့ရသူများကို ကူညီကယ်ဆယ်စဉ် ထိခိုက်ဒဏ်ရာရသူများအတွက် ဆေးဝါးအကူအညီလိုအပ်နေ

ဧရာဝတီမြစ်ရေကြီးချိန် ကူညီကယ်ရေးဆောင်လုပ်ဆောင်ခဲ့စဉ်က ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ဆေးကုသပေးရန် ဆေးဝါးမလုံလောက်မှုကြောင့် အခက်အခဲကြုံနေရကြောင်း သိရသည်။

ဗန်းမော်အခြေစိုက် စ.က.ခ (၂၁) ကို KPDF က ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်

ဗန်းမော်မြို့ရှိ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စ.က.ခ) ၂၁ ယနေ့ နံနက် ၇ နာရီခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။

ရေဘေးသင့်ဖားကန့်ဒေသခံများ ပြန်လည်ထူထောင်ရေးအတွက် အကူညီများလိုအပ်နေ

ဖားကန့်မြို့ တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီးနောက် ဒေသခံပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အကူညီများလိုအပ်နေကြောင်းသိရသည်။

ဗန်းမော်မြို့ရှိ ရေဘေးရှောင်များ နေရာထိုင်ခင်း အခက်အခဲဖြစ်နေ

ဗန်းမော်မြို့တွင် စစ်ဘေးရှောင်ပြည်သူ များပြားနေခြင်းကြောင့် ရေဘေးရှောင်များအတွက် နေရာထိုင်ခင်း မလုံလောက်သည့်အခက်ခဲကြုံနေရကြောင်းသိရသည်။

ဇွန်လတစ်လအတွင်း အရာရှိများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် အလင်းဝင်သည်ဟု NUG ထုတ်ပြန်

ဇွန်လတစ်လအတွင်း တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ဗိုလ်မှူး၊ ဗိုလ်ကြီးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့် ရဲ စုစုပေါင်း ၄၃ ဦး လက်နက်နှင့်အတူအလင်းဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ညကသတင်းထုတ်ပြန်ခဲ့သည်။

ဗန်းမော်မြို့တွင် မြစ်ရေအန္တရာယ်ရေမှတ်အနီးရောက်ရှိလာပြီး ဆက်လက်မြင့်တက်နေ

ဗန်းမော်မြို့ဧရာဝတီမြစ်ရေမှာ အန္တရာယ်ရေအမှတ်သို့နီးကပ်နေပြီးရေဆက်လက်မြင့်တက်နေကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်မီးပုံမှန်ရရှိရန် ဆယ်ရက်ခန့်ကြာမြင့်နိုင်သေးသည်ဟုဆို

မြစ်ကြီးနားမြို့တွင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ခဲ့သောကြောင့် ရပ်ကွက်အားလုံး လျှပ်စစ်မီးပုံမှန်အတိုင်းရရှိနိုင်ရန် ဆယ်ရက်ခန့်ကြာမြင့်နိုင်သေးကြောင်း သိရသည်။

မြစ်ကြီးနား-ပူတာအိုလမ်းတွင် ရေကြီးရေလျှံမှုကြောင့် လမ်းပိုင်းအချို့ပျက်စီးသွားပြီး အချို့ပိတ်မိနေ

ရေကြီးရေလျှံမှုကြောင့် မြစ်ကြီးနား – ပူတာအိုလမ်း နေရာအများအပြားတွင် မြေပြိုခြင်း၊ တံတားပျက်စီးခြင်းတို့ကြောင့် ဖြတ်သန်းသွားလာရ ခက်ခဲနေပြီး လမ်းတွင်ပိတ်မိနေသူများလည်း ရှိကြောင်း သိရသည်။

မိုးကောင်းမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေသဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်

မိုးကောင်းမြို့ရှိ ချောင်းနှစ်ခုလုံး ယနေ့ နံနက် ၉ နာရီခန့်ကစတင်ကာ ရေမြင့်တက်လာသောကြောင့် ရေဝင်ရောက်သည့် မြေနိမ့်ပိုင်းရပ်ကွက်မှ ဒေသခံအချို့တိမ်းရှောင်နေကြကြောင်းသိရသည်။

လာရှိုးမြို့အနီးတဝိုက်တွင် တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံအချို့ထိခိုက်သေဆုံးမှုရှိနေ

လားရှိုးမြို့နယ်အနီးတစ်ဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများကို MNDAA တပ်က ယမန်နေ့ည ၁၀ နာရီခန့်မှ စတင်တိုက်ခိုက်နေပြီး ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။

ဖားကန့်တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီးနေအိမ်နှင့် စက်သုံးဆီဆိုင်အချို့ ရေစီးနှင့်မျောပါသွား

ဖားကန့်မြို့တွင် ရေကြီးရေလျှံမှုကြောင့် စက်သုံးဆီဆိုင်နှင့် နေအိမ်အချို့ ရေစီးနှင့်အတူ မျောပါသွားပြီး ရေဘေးဒုက္ခသည်များအတွက်လည်း အကူအညီများလိုအပ်နေကြောင်း သိရသည်။

ဗန်းမော်တွင် မြစ်ကမ်းနားရပ်ကွက်များတွင် ရေစတင်ဝင်ရောက်၊ ယနေ့ညပိုင်းတွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်ဟုဆို

ဗန်းမော်မြို့ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက်တွင် ရေစတင်ဝင်ရောက်နေပြီဖြစ်ပြီး စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် ၂၄ စင်တီမီတာ (၉ လက်မ) ခန့်သာလိုတော့ကြောင်း သိရသည်။