တိုင်းပြည်ချောက်ထဲကျ သပိတ်ကို မြစ်ကြီးနားမြို့၏ ချောက်တစ်နေရာတွင်ပြုလုပ်ခဲ့

စစ်အာဏာရှင်​ဟောင်း ​နေဝင်း ပြောခဲ့သည့် တိုင်းပြည်​​ချောက်ထဲကျရန် လက်တလုံးအလို ဆိုသည့် စကားအပြင် လက်ရှိ စစ်အာဏာရှင်ကို ဆန့်ကျင်​ကြောင်း မြစ်ကြီးနားမြို့မှ ပြည်သူအချို့က တိုင်းပြည်​​ချောက်ထဲကျသပိတ်ကို ဧပြီလ ၅ရက်​နေ့၊...

စစ်ကောင်စီက ဘင်္ဂလားပင်လယ်အော်အတွင်း ဧပြီ ၄ ရက်မှ ၁၁ ရက်အထိ စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ဘင်္ဂလားပင်လယ်အော်အတွင်းရောက်ရှိနေသည့် QUAD အဖွဲ့၏စစ်ရေးလေ့ကျင့်မှုသည်လည်း ဧပြီ ၅ ရက်မှ၇ရက်အထိ ပြုလုပ်မည်ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့မှ နေအိမ်အတွင်းသို့ အတင်းဝင်စစ်ကာ ပစ္စည်းများမွှေနှောက်ရှာဖွေသွာ

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ယမန်နေ့၊ ဧပြီလ ၃ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် အရပ်ဝတ်များက နံနက် ၁၁ နာရီခွဲဝန်းကျင်၌ ဝင်ရောက်ပြီး နေအိမ်အတွင်းရှိ ပစ္စည်းများမွှေနှောက် ရှာဖွေစစ်ဆေးသွားကြောင်းသိရသည်။

ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများကို ဧပြီ ၆ ရက်နေ့ အကျဉ်းထောင်တွင် ရုံးထုတ်စစ်ဆေးမည်

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်အပါအဝင် ဝန်ကြီးများဖြစ်သော ဦးဒရှီလဆိုင်း၊ ဦးနေဝင်းတို့ကို လာမည့် ဧပြီလ (၆) ရက်နေ့တွင် မြစ်ကြီးနားအကျဉ်းထောင်ရှိ တရားရုံးတွင် ရုံးထုတ်စစ်ဆေးသွားမည်ဟု သိရသည်။

ဗန်းမော်တွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်သတ်၊ အလောင်းကို ယူဆောင်သွာ

ဗန်းမော်မြို့တွင် ယနေ့နံနက်ပိုင်းက လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု သိရသည်။