News

ခေါင်လန်ဖူးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်နေ

စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်၊ ဒု-ဗိုလ်မှူးကြီးတစ်ဦးကို အရှင်ဖမ်းမိ

နောင်ချိုမြို့နယ် သံဘိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ နံနက် ၇ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပစ်ချခံရသည့် ရဟတ်ယာဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေ၊ အရှင်တစ်ဦးဖမ်းမိဟုဆို

ကချင်လွတ်မြောက်ရေးတပ် (KIA) က ပစ်ချခဲ့သည့် စစ်ကောင်စီတပ် ထောက်ပို့ရဟတ်ယာဉ်နှင့် သေဆုံးနေသည့် တပ်ဖွဲ့ဝင်ခြောက်ဦးရုပ်အလောင်းကို ယမန်နေ့မွန်းလွှဲ ၂ နာရီခွဲခန့်က ဝိုင်းမော်မြို့နယ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

လူမျိုးရေးအခြေမခံဘဲ ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ဆောင်ရွက်မည်ဟု စစ်ကောင်စီဥက္ကဋ္ဌပြော

လူမျိုးကိုအခြေခံသည့် ဖယ်ဒရယ်စနစ်မဟုတ်ဘဲ ဒေသကိုအခြေခံသည့် ဖယ်ဒရယ်စနစ်ကို ဆောင်ရွက်ရမည်ဟု စစ်ကောင်စီဥက္ကဋ္ဌက ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ပြောကြားလိုက်သည်။

စစ်ကောင်စီတပ်စခန်း (၂) ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA ထုတ်ပြန်၊ တစ်ပတ်အတွင်း စခန်း (၅) ခုထက်မနည်းကို သိမ်းဆည်းရမိ

ရက္ခိုင်နှင့် ပလက်ဝမြို့နယ်မှ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ခမောင်းဝစခန်းကုန်းနှင့် ချင်းလက်ဝစခန်းကုန်းတို့ကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ ထောက်ပို့ရဟတ်ယာဉ်တစ်စီးကို KIA ပစ်ချ

ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ကျေးရွာအနီး ယနေ့မွန်းတည့် ၁၂ နာရီခန့်က စစ်ကောင်စီတပ်ထောက်ပို့ ရဟတ်ယာဉ်တစ်စီးကို KIA ပစ်ချလိုက်ကြောင်း သိရသည်။

တော်လှန်ရေးအင်အားစုများကြောင့် စစ်ကောင်စီစစ်ရှုံးနေပြီး ၂၀၂၄ တွင် အပြောင်းအလဲဖြစ်လာနိုင်ကြောင်း KIO ပြော

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထု၏ ဟန်ချက်ညီတိုက်ခိုက်တော်လှန်မှုကြောင့် စစ်ကောင်စီတပ်က ခံနိုင်ရည်မရှိတော့ဘဲ စစ်ရှုံးနေပြီဖြစ်ကြောင်း KIO ဥက္ကဋ္ဌ က ပြောကြားလိုက်သည်။

ကချင်ပြည်နယ်ရဲ့ တစ်နှစ်တာအတွင်း ထူးခြားဖြစ်စဉ်များ

၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်း ကချင်ဒေသတွင် ထူးခြားဖြစ်စဉ်အများအပြားရှိခဲ့ပြီး သတ္တုတူးဖော်ရေးစီမံကိန်းကို ဝိုင်းဝန်းကန့်ကွက်ဆန္ဒပြမှုများ၊ စစ်ကောင်စီတပ်၏ အရေးပါသည့် စခန်းများတိုက်ခိုက်သိမ်းပိုက်ခံခဲ့ရမှုများ၊ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူများအစုလိုက်အပြုံလိုက် သေဆုံးမှုများအပြင် စစ်ကောင်စီတပ်၏...

ဖားကန့်မြို့တွင် တံတားတစ်စင်း မိုင်းခွဲခံရ

ဖားကန့်မြို့၊ ဆိပ်မူကျေးရွာရှိ တံတားတစ်စင်းကို အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းက ယနေ့ နံနက် (၁၂) နာရီဝန်းကျင်ခန့်တွင်မိုင်းခွဲဖျက်ဆီးလိုက်ကြောင်းသိရသည်။

ဖားကန့်မြို့တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို KIA တိုက်ခိုက်၊ မတရားငွေကောက်ခံသဖြင့် တိုက်ခိုက်သင့်သည်ဟု ဒေသခံများဆို

ဖားကန့်မြို့ လဝါးကျေးရွာအနီးရှိစစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကချင်လွတ်မြောက်ရေးတပ်(KIA) က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့မှ တအောင်းလူမျိုးများ တိမ်းရှောင်ရန် TNLA ညွန်ကြား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် တအောင်းလွတ်မြောက်ရေးတပ် (TNLA) က ရပ်ကွက်အတွင်းမှ ပြောင်းရွှေ့ရန် လိုက်လံ‌ပြောဆိုနေသောကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများ စိုးရိမ်နေကြကြောင်း သိရသည်။

ရွှေဘိုမြို့နယ်တွင် ပျူစောထီးအဖြစ်စုဆောင်းခံရသော ညီအစ်ကို နှစ်ဦး မိသားစုဝင်များနှင့်အတူ အလင်းဝင်

ရွှေဘိုမြို့နယ်၊ သီလုံးကျေးရွာရှိ စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းစခန်းမှ တပ်ဖွဲ့ဝင်နှစ်ဦး မိသားစုနှင့်အတူ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ထံ လက်နက်ခဲယမ်းများဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။