The 74 Media

စစ်ကိုင်းတိုင်းတွင် တိုက်ပွဲပြင်းထန်သဖြင့် မြစ်ကြီးနား-မန္တလေး လမ်းအားလုံးပိတ်ပြီ

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ နေရာအချို့တွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် မြစ်ကြီးနား -ဗန်းမော် – မန္တလေးသို့သွားလာသည့် ကားလမ်းပိုင်းများအားလုံးပိတ်ထားကြောင်း သိရသည်။

မြစ်ကြီးနားတွင် တစ်ပါတ်အတွင်း ယာဉ်တိုက်မှု ၁၁ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး နှစ်ဦးသေ

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် တစ်ပါတ်အတွင်း ယာဉ်တိုက်မှု ၁၁ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ဦးခေါင်းပြင်းထန်ဒဏ်ရာရရှိသူတစ်ဦးနှင့် သေဆုံးသူနှစ်ဦးရှိခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်

ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းတပ်တို့က ယနေ့ နံနက် ၇ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

၉ နှစ်ကြာခဲ့ပေမဲ့ တရားမျှတမှုရရှိဖို့ မိသားစုဝင်တွေလိုလား

ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာမှာ KBC စေတနာ့ဝန်ထမ်းဆရာမနှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တာ ဒီနေ့ဆိုရင် (၉) နှစ်ပြည့်ခဲ့ပါပြီ။

စစ်ကောင်စီတပ်၏ တင့်ကားနှစ်စီးနှင့် သံချပ်ကာကားတစ်စီးကို တိုက်ခိုက်ဖျက်ဆီးခဲ့ဟု KNU ထုတ်ပြန်

သုံးရက်အတွင်း စစ်ကောင်စီတပ်၏ တင့်ကားနှစ်စီးနှင့် သံချပ်ကာကားတစ်စီးတို့ကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့နေစွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

နမ့်ဖတ်ကာ တိုက်လေယာဉ်ပျက်ကျတဲ့ ရုပ်သံဖိုင်ထွက်ပေါ်လာ

နမ့်ဖတ်ကာကျေးရွာအနီးမှာ တိုက်လေယာဉ်ပျက်ကျလာတဲ့အချိန် အမည်မသိအမျိုးသားနှစ်ဦး ကချင်ဘာသာစကားနဲ့ လေယာဉ်ပျက်ကျလာတဲ့အကြောင်း အပြန်အလှန်ပြောဆိုနေတဲ့ ရုပ်သံတစ်ခုထွက်ပေါ်လာပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း၏နေအိမ်ပစ်ခတ်ခံရစဉ် တပ်ဖွဲ့ဝင်သုံးဦးထိခိုက်ဒဏ်ရာရ

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ ဦးရွှေမင်း၏ နေအိမ်တွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန် ပြည်သူ့စစ်တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တောလျှိုတောင်ကြားထဲက နမ့်ဖတ်ကာစစ်ရှောင်တွေ အကူအညီလိုအပ်နေ

KIA က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာကဒေသခံပြည်သူ တစ်ထောင်ကျော်ဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ https://youtu.be/beFygRMF1nY?feature=shared

ဘုရားပွဲအကြောင်းပြ လောင်းကစားဝိုင်းများကြောင့် မြစ်ကြီးနားဒေသခံအချို့ စိတ်အနှောက်အယှက်ဖြစ်နေ

မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များရှိ ဘုန်းကြီးကျောင်းတစ်ခုမှတစ်ခုသို့ပြောင်းရွှေ့ကာ ဇာတ်ပွဲအကြောင်းပြ လောင်းကစားဝိုင်းများဖွင့်လှစ်နေပြီး နံနက် ၄ နာရီခွဲခန့်အထိ ဆူညံနေသောကြောင့်အနီးအနားရှိ ဒေသခံများ စိတ်အနှောက်အယှက် ဖြစ်နေရကြောင်းသိရသည်။

ကွတ်ခိုင်မြို့နယ်တွင် တိုက်လေယာဉ်တစ်စီးကို KIA ပစ်ချ

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီးကို ယနေ့ နေ့လယ် ၁၂ နာရီခန့်ကပစ်ချခဲ့ကြောင်းသိရသည်။

ဖုန်းအသုံးပြုရင်း အားသွင်းစဉ် မီးလောင်ပေါက်ကွဲသဖြင့် သုံးဦးဒဏ်ရာရ၊ တစ်ဦးစိုးရိမ်ရသည်ဟုဆို

ဖုန်းအသုံးပြုရင်း အားသွင်းစဉ် မီးလောင်ပေါက်ကွဲသဖြင့် ယမန်နေ့ည ၈ နာရီခန့်က မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာရရှိခဲ့ပြီး အခြားနှစ်ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားတွင် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုဖြစ်ပွါး၊ အမှတ် ၂ ရဲစခန်းနှင့် ဒူးလေးပါတီရုံးအနီးဖြစ်ပွါးဟုဆို

မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်၊ ရမ်ပူရပ်ကွက်နှင့်ခေမာသီရိရပ်ကွက်တို့တွင် ယနေ့ည ခုနှစ်နာရီခန့်က လက်နက်ကြီးသံနှင့် သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်းသိရသည်။