The 74 Media

တနိုင်းမြို့နယ်တွင် ဝက်နာကျရောဂါဖြစ်ပွားနေသဖြင့် ဝက်မွေးမြူသူများအခက်တွေ့၊ ဝက်ပေါက်နှင့် ဝက်သားဈေးတက်

တနိုင်းမြို့နယ်၊ မကောကျေးရွာအုပ်စုတွင် ဝက်နာကျရောဂါဖြစ်ပွားပြီး အများအပြားသေဆုံးနေသောကြောင့် ဒေသခံပြည်သူများက ဝက်ပြန်လည်မွေးမြူရန် စိုးရိမ်နေကြကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းထိုးနေသည့် မြောင်တွင် ပြည်သူ့ကာကွယ်ရေးတပ်စခန်းနှစ်ခု သိမ်းပိုက်ခံရ

မြောင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းနှစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး မီးရှို့ဖျက်ဆီးကာ လက်နက်ခဲယမ်းနှင့် ပစ္စည်းများ သိမ်းဆည်းသွားခဲ့ကြောင်းသိရသည်။

မူဆယ်တွင် နှစ်ရက်ဆက်တိုက် ဗုံးကွဲ၊ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ

မူဆယ်မြို့အတွင်း နှစ်ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ကျောက်မိုင်းခွဲသည့် ဓာတ်မြေဩဇာများကို စစ်ကောင်စီတပ်က သိမ်းဆည်းပြီး အပြင်ပေါက်ဈေးထက် လျှော့ကာ ပြန်ရောင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်မိုင်းခွဲရာတွင် အသုံးပြုသည့် ပုလဲဓာတ်မြေဩဇာများကို ဖားကန့်မြို့နယ်အတွင်း လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဖားကန့်တွင် ရေမဆေးကျောက်ရှာဖွေသူများကို အဓိကဖမ်းဆီး၊ ရိုက်နှက်နှိပ်စက်မှုများရှိနေ

စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်အတွင်းရှိ ရေမဆေးသမားများကို အဓိကပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရေမဆေးကျောက်ရှာဖွေနေသူများ အခက်အခဲဖြစ်နေကြောင်းသိရသည်။

PDF ထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီတပ်က ကုန်စိမ်းသည်နှစ်ဦးကို ဖမ်းဆီး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များကို ထောက်ပံ့သည်ဟုဆိုကာ ကချင်ပြည်နယ် နန်းမားမြို့မှ ကုန်စိမ်းရောင်းသည့် ပြည်သူနှစ်ဦးကို ယမန်နေ့ နေ့လယ် သုံးနာရီက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်မှ စစ်ရှောင်များ သောက်သုံးရေနှင့်ဆေးဝါးအကူအညီ လိုအပ်နေ

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်၊ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် စစ်ဘေးတိမ်းရှောင်လာသော ထောင်ချီသည့် စစ်ရှောင်ပြည်သူများ သောက်သုံးရေနှင့် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သိရသည်။

ဖားကန့်တွင် လက်ဖက်ရည်ဆိုင်ပိုင်ရှင်အပါအဝင် ဆိုင်ထိုင်နေသူ ခုနှစ်ဦးကို စစ်ကောင်စီဖမ်းဆီး

ဖားကန့်မြို့နယ်၊ မှော်ဝမ်းရပ်ကွက်တွင် ယမန်နေ့ည ၁၀ နာရီခန့်က လက်ဖက်ရည်ဆိုင်ပိုင်ရှင်မိသားစုအပါအဝင် ဆိုင်တွင်ထိုင်နေသူ ခုနှစ်ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

အင်းတော်တွင် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာနှင့်ခရီးသည်များထံမှ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေများ လုယက်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နားရခေါင်ကျေးရွာနှင့် နဘားကျေးရွာလမ်းဆုံတွင် အလှည့်ကျစစ်ဆေးမှုများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာနှင့် ခရီးသည်များထံမှ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကြေးများ လုယက်နေကြောင်း သိရသည်။

ကရင်နီပြည်နယ်တွင် စစ်ကောင်စီစခန်းတစ်ခု တိုက်ခိုက်ခံခဲ့ရပြီး ခြောက်ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ် ဟွေအွမ်စစ်ကောင်စီစခန်း တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့ကာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

KIA နှင့် KPDF ပူးပေါင်းပြီး ဘိန်းခင်းဧက ရာဂဏန်းကို ဖျက်ဆီးနိုင်ခဲ့ဟုဆို

ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာအနီးရှိ ဘိန်းခင်းများကို ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် KPDF တပ်ဖွဲ့တို့ပူးပေါင်းကာ လိုက်လံဖျက်ဆီးနေကြောင်း သိရသည်။

မိုးညှင်းမြို့မရဲစခန်း တိုက်ခိုက်ခံရ၊ လက်နက်ကြီးလက်နက်ငယ်သံများ ထွက်ပေါ်ခဲ့ဟုဆို

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ မြို့မရဲစခန်း ယနေ့ နံနက် ငါးနာရီခန့်က တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။