The 74 Media

စစ်အင်အားတိုးချဲ့လာသဖြင့် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတိုက်ပွဲပြင်းထန်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွမ်ဘန်ကျေးရွာအုပ်စု ၊နောင်းမီကျေးရွာနှင့် မံပန်ကျေးရွာကြားတွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ကချင်လွပ်မြောက်ရေးတပ်(KIA) က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရသည်။

မြစ်ကြီးနားတွင် ဂျက်လေယာဉ်သုံးစင်း ပျံသန်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် ယနေ့ အောက်တိုဘာ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က ဂျက်လေယာဉ် သုံးစင်း ပျံသန်းခဲ့ကြောင်းသိရသည်။

လားရှိုးတွင် လူသတ်ဆိုင်ကယ်လုယက်မှုဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက်(၁)၊ နယ်မြေ(၉) တွင် ယမန်နေ့ည ၆ နာရီခွဲခန့်က သားအဖနှစ်ဦး၏ ဆိုင်ကယ်လုယူရန် ဓားဖြင့်ခုတ်သဖြင့် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပူတာအိုတွင် စစ်ကောင်စီတပ်များက PDF နှင့် CDM ဝန်ထမ်းများကို လိုက်လံရှာဖွေနေ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံးစွတ်ရပ်ကွက်တွင် အောက်တိုဘာ ၇ ရက်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရပ်ကွက်တွင်းရှိနေအိမ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့် CDM ဝန်ထမ်းများကို လိုက်လံရှာဖွေနေကြောင်း...

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ဘန်ကောက်ကျေးရွာအနီး ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လီဒိုလမ်းပေါ်ရှိ ဘန်ကောက်ကျေးရွာအနီး ယနေ့ နေ့လည် ၁၀ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲဝင်များ မိုင်းခွဲတိုက်ခိုက်ခံရစဉ် စစ်ကောင်စီတပ်ဖွဲ့များက ပြည်သူတစ်ဦးကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တစ်ပါတ်အတွင်းဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ နီးပါးသေဆုံး

မြန်မာနိုင်ငံအနှံ့တွင် အောက်တိုဘာ ၁ ရက်နေ့မှ ၆ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများတွင် စစ်ကောင်စီ ၂၈၂ ဦးခန့်သေဆုံးကြောင်း NUG ဝန်ကြီးဌာနများ၏ အချက်များအရ သိရသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်ကို KIA နှင့် PDF တပ်များ ပူးပေါင်းတိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝရာဇွတ်ကျေးရွာနှင့် ရှဒူဇွတ်ကျေးရွာအနီး ယနေ့ နံနက် ၈ နာရီခန့်က စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA နှင့် PDF တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း...

စစ်ကောင်စီယာဉ်တန်းမိုင်းခွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ကျော်သေဆုံးသည်ဟု ဆို

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် သုံးမိုင်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၆ ရက်နေ့ ညသန်းခေါင် ၁၂ နာရီခွဲခန့်က စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ယမန်နေ့ အောက်တိုဘာ ၆ ရက်နေ့ည ၈ နာရီခွဲမှ ၁၀ နာရီထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်သော...

တနိုင်းမြို့နယ် ကောင်ရာကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်းက KIA အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။