The 74 Media

ကိုးကန့်ဒေသနေရာအချို့တွင် စစ်ကောင်စီတပ်နှင့် MNDAA တပ်အကြား တိုက်ပွဲပြင်းထန်

ရှမ်းပြည်နယ်၊ မုံကိုးဒေသရှိ ကိုးကန့်ဒေသနေရာအချို့တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကြား အောက်တိုဘာလဆန်းပိုင်းမှစပြီး တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားခဲ့ကြောင်း ကိုးကန့်ဒေသအခြေစိုက် သတင်းမီဒီယာများထံမှ သိရသည်။ ကိုဗစ်ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်နေစဉ်...

မန္တလေးတွင်မိသည့် လက်နက် ကေအိုင်အေနှင့် မသက်ဆိုင်ဟုဆို

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်-စစ်ကိုင်းကားလမ်းပေါ်ရှိ Denko ဆီဆိုင်အနီးတွင် အောက်တိုဘာလ ၅ ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် လက်နက်များသည် ကေအိုင်အေနှင့် မသက်ဆိုင်ကြောင်း ယင်းအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောကြားလိုက်သည်။

တန့်ဆည်မြို့နယ်တွင် ကင်းလှည့်​နေ​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းခွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် နဘက်ကြီးကျေးရွာနှင့် သစ္စေးကုန်းကျေးရွာကြားတွင် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့များအား တန့်ဆည် PDF တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအချို့ KNDF သိမ်းဆည်းရမိ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီတပ်၏ အသုံးအဆောင် ပစ္စည်းအချို့ကို KNDF ကသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရိက္ခာပြန်ယူသည့် ပြည်သူနှစ်ဦးကို စစ်ကောင်စီပစ်ခတ်သဖြင့် တစ်ဦးသေ တစ်ဦးဒဏ်ရာရ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ရှိ စံပြ (၆)မိုင်ကျေးရွာတွင် ယနေ့နံနက် ရှစ်နာရီခန့်၌ ရိက္ခာပြန်လာယူသည့် ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ်ခဲ့သဖြင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကလေးမြို့တွင် ပြည်သူများ၏နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံရပြီး ရွာသားသုံးဦး ဖမ်းခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာယာကုန်းကျေးရွာတွင် ယနေ့နံနက် ၁၁ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့များသည် ပြည်သူများ၏နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားသုံးဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

ကျွန်းလှမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်ကို စစ်ကောင်စီထောက်ခံသည့်အမျိုးသားနှစ်ဦး မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့ သစ်ရာမြိုင်ရပ်ကွက်မှ စားသောက်တစ်ဆိုင်ရှိ ရေသန့်စက်ခန်းကို ယမန်နေ့ည ၁၂ နာရီခန့်က အရပ်ဝတ်နှင့် အမည်မသိအမျိုးသားနှစ်ဦး မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု သိရသည်။

တန့်ဆည်မြို့က စက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ မေတ္တာမြိုင်ရပ်ကွက်တွင် ယနေ့နံနက် ခြောက်နာရီခန့်က ထူးတော်ဝင် စက်ပစ္စည်းဆိုင်ပိုင်ရှင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။