ဖားကန့်

မီးကြိုးမကြာခဏ ခိုးယူခံရသဖြင့် ဖားကန့်ဒေသခံများ ကိုယ်ထူကိုယ်ထကာကွယ်နေရ

လျှပ်စစ်မီးကြိုးဖြတ်ကာခိုးယူမှု မကြာခဏဖြစ်ပွားလေ့ရှိသော ဖားကန့်မြို့၊ လုံးခင်းကျေးရွာရှိ ဒေသခံပြည်သူများက ကိုယ်ထူကိုယ်ထကာကွယ်မှုများပြုလုပ်နေရကြောင်း သိရသည်။

ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီမှ အကြီးတန်းဝန်ထမ်းနှစ်ဦးနှင့် ကျောက်လုပ်ငန်းရှင်တစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီး

ဖားကန့်မြို့နယ်တွင် ယမန်နေ့ညက ကျောက်စိမ်းကုမ္ပဏီဝန်ထမ်းအပါအဝင် အမျိုးသားသုံးဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားကြောင်းသိရသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

ဈေးဝယ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KPDF တပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် ဖားကန့်မှ ရဲနှစ်ဦးသေဆုံးပြီး ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် ခွေးဟောင်သည့်ကိစ္စစကားများပြီး ဓားထိုးသတ်ဖြတ်မှုဖြစ်ပွား

ခွေးဟောင်သည့်ကိစ္စဖြင့် စကားများရန်ဖြစ်ပြီး ဓားထိုးသတ်ဖြတ်မှုတစ်ခု ဖားကန့်မြို့နယ် မှော်ဝမ်းကျေးရွာတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေသည့်ဖားကန့်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုဆက်လက်ပြုလုပ်နေ

ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု မဂေါင်တောင်ကျေးရွာအနီးတွင် ယနေ့ နံနက် ၁၀ နာရီခွဲခန့်က အမျိုးသားတစ်ဦးပစ်ခတ်ခံရပြီး ကားမိုင်းဗျူဟာကုန်းမှလည်း လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ခရီးသွားကားများကို ဓားစာခံပြုနေသဖြင့် မြစ်ကြီးနား – ဖားကန့်ခရီးကို တစ်ညအိပ်သွားနေရ

စစ်ကောင်စီတပ်က ခရီးသွားကားများကို အချိန်အကန့်အသတ်ဖြင့်သာ သွားလာခိုင်းသောကြောင့် မြစ်ကြီးနား – ဖားကန့်လမ်းတွင် တစ်ညအိပ်ကာ သွားနေရကြောင်း သိရသည်။

ဥပဒေမဲ့ငွေကြေးကောက်ခံနေသော လုံးခင်းကျေးရွာက စစ်ကောင်စီဂိတ်စခန်းတိုက်ခိုက်ခံရ

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ နှစ်မျက်နှာဘုရားတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ ညနေ ငါးနာရီခွဲအချိန်ခန့်က KIA ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ဖားကန့်မြို့မရဲစခန်းအနီး ဗုံးသုံးလုံးထက်မနည်းပေါက်ကွဲ

ဖားကန့်မြို့ရှိ မြို့မရဲစခန်းအနီးတွင် ယနေ့မွန်းလွှဲ ၁ နာရီခန့်က ဗုံးသုံးလုံးထက်မနည်း‌ ပေါက်ကွဲခဲ့ကြောင်းသိရသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးပူးပေါင်းတပ်ကြား တိုက်ပွဲဖြစ်

ဖားကန့်မြို့ နန့်ယားကျေးရွာအနီးတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖားကန့်မြို့တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို KIA တိုက်ခိုက်၊ မတရားငွေကောက်ခံသဖြင့် တိုက်ခိုက်သင့်သည်ဟု ဒေသခံများဆို

ဖားကန့်မြို့ လဝါးကျေးရွာအနီးရှိစစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကချင်လွတ်မြောက်ရေးတပ်(KIA) က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရသူ ပိုမိုများပြားလာ

တိုက်ပွဲများမကြာခဏဖြစ်ပွားလေ့ရှိသည့် ဖားကန့်မြို့နယ်တွင် သုံးလအတွင်း လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံခဲ့ရသူ စုစုပေါင်း (၁၄) ဦးအထိရှိခဲ့သည်။

ဖားကန့်တွင် မြေစာသယ်ကားကြိတ်ခံရသောကြောင့် ရေမဆေးသမားတစ်ဦးသေ

မြေစာသယ်ကားကြိတ်ခံရ‌သောကြောင့် ယနေ့နံနက် ၅ နာရီခန့်က ဖားကန့်မြို့တွင် ရေမဆေးသမားတစ်ဦး  ‌သေဆုံးခဲ့ကြောင်း သိရသည်။