ကချင်ပြည်နယ်

ကချင်နဲ့ရှမ်းမြောက် နယ်နမိတ်မှာ စစ်ရေးဖော်ဆောင်နေတဲ့ KIA

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းအချို့ကို လက်လွတ်ခဲ့ရသလို ဒေသခံပြည်သူအများအပြား သတ်ဖြတ်ခံခဲ့ရပါတယ်။  

ကချင်ပြည်နယ်သို့ ခရီးသွားလာသည့် အခြားဒေသမှလူငယ်များ မကြာခဏဖမ်းဆီးခံနေရ

စစ်မှုမထမ်းမနေရ ဥပဒေအာဏာတည်ကြောင်း ထုတ်ပြန်ကြေညာပြီးနောက် ကချင်ပြည်နယ်သို့လာရောက်သည့် လမ်းတစ်လျှောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ခရီးသွားလူငယ်အချို့ ဖမ်းဆီးခံနေရကြောင်း သိရသည်။

မြစ်ကြီးနားနှင့်မိုးညှင်းတွင် စစ်မှုမထမ်းမနေရဥပဒေထောက်ခံပွဲကို လုံခြုံရေးအပြည့်ဖြင့် ပြုလုပ်၊ နေ့စားများလည်း ပါဝင်သည်ဟုဆို

ကချင်ပြည်နယ်ရှိ မြို့ နှစ်ခုတွင် ယနေ့ နံနက်က ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က လုံခြုံရေးယူကာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကချင်ပြည်နယ်မှာ စစ်ရေးအခြေအနေ ဘယ်လိုရှိခဲ့လဲ

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကချင်ပြည်နယ်ရဲ့စစ်ရေးအခြေအနေကိုပြောရမယ်ဆိုရင် KIA က မြစ်ကြီးနားမြို့နယ်အတွင်းက မြို့တစ်ခုကို ထိန်းချုပ်ထားတဲ့အပြင် ဖားကန့်မြို့နယ်အတွင်းက KIA သိမ်းထားတဲ့ နန့်တိန်းတပ်စခန်းကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီတပ်က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်တာတွေ၊...

စစ်မှုမထမ်းမနေရဥပဒေကြောင့် တော်လှန်ရေးအဖွဲ့များထံ ခိုလှုံသူများလာ

ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် လာရောက်ခိုလှုံလိုသူများနှင့် စစ်သင်တန်းတက်ရောက်လိုသူများအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ်ဒေသအချို့တွင် လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုများရှိနေ

တိုက်ပွဲများဆက်လက်ပြင်းထန်နေသည့် ကချင်ပြည်နယ်ဒေသအချို့တွင် လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုများရှိနေပြီး လူမျိုးအခြေပြုပစ်မှတ်ထားတိုက်ခိုက်မှုများလုပ်ဆောင်မည်ဟု လူမှုကွန်ရက်ပေါ်တွင် ရေးသားမှုများ ထွက်ပေါ်လာသည်။

စစ်ကိုင်းတိုင်းတွင် တိုက်ပွဲပြင်းထန်သဖြင့် မြစ်ကြီးနား-မန္တလေး လမ်းအားလုံးပိတ်ပြီ

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ နေရာအချို့တွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် မြစ်ကြီးနား -ဗန်းမော် – မန္တလေးသို့သွားလာသည့် ကားလမ်းပိုင်းများအားလုံးပိတ်ထားကြောင်း သိရသည်။

ရဟတ်ယာဉ်ပစ်ချ၊ ပြည်သူ့စစ်စခန်းတွေသိမ်းခဲ့တဲ့ ကချင်ပြည်နယ်ရဲ့ ၂၀၂၄ နှစ်သစ်

၂၀၂၄ ရဲ့ နှစ်သစ် ပထမအပါတ်အတွင်း စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်တစ်စင်းကို KIA က ပစ်ချနိုင်ခဲ့တဲ့အပြင် ခေါင်လန်ဖူးဒေသက ပြည်သူ့စစ်ပူးပေါင်းတပ်စခန်းနဲ့ဖားကန့်မြို့နယ်က စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အတွက် ကချင်ပြည်နယ်မှာ စစ်ရေးတင်းမာနေပြီး...

ကချင်ပြည်နယ်ရဲ့ တစ်နှစ်တာအတွင်း ထူးခြားဖြစ်စဉ်များ

၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်း ကချင်ဒေသတွင် ထူးခြားဖြစ်စဉ်အများအပြားရှိခဲ့ပြီး သတ္တုတူးဖော်ရေးစီမံကိန်းကို ဝိုင်းဝန်းကန့်ကွက်ဆန္ဒပြမှုများ၊ စစ်ကောင်စီတပ်၏ အရေးပါသည့် စခန်းများတိုက်ခိုက်သိမ်းပိုက်ခံခဲ့ရမှုများ၊ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူများအစုလိုက်အပြုံလိုက် သေဆုံးမှုများအပြင် စစ်ကောင်စီတပ်၏...

ကချင်ပြည်နယ်ရဲ့ တစ်ပါတ်တာ တိုက်ပွဲသတင်း

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပထမအပတ်ဟာ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေ လိုင်ဇာမြို့ကိုကျော်ပြီး တရုတ်နိုင်ငံထဲ ကျရောက်ပေါက်ကွဲခဲ့တာတွေရှိသလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။  

တပ်ပြေးတွေ ပြန်ခေါ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်နဲ့ရှမ်းမြောက်ဒေသက တစ်ပါတ်တာတိုက်ပွဲသတင်း

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ ဒီဇင်ဘာလ ၃ ရက်နေ့အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စခန်းသိမ်းတိုက်ပွဲတွေနဲ့အတူ နိုင်ငံအနှံ့အပြားမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ် ဆက်လက်အထိနာနေဆဲဖြစ်ပါတယ်။