News

ကောလင်းတွင် စစ်ကောင်စီက ရဟတ်ယာဉ်သုံးပြီးတိုက်ခိုက်

တိုက်ပွဲပြင်းထန်နေသည့် စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် ယနေ့ မွန်းလွဲအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကောလင်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ရဟတ်ယာဉ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အင်ဂျန်းယန်တွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

​ကေအိုင်​အေ တပ်မဟာ (၁)၊ တပ်ရင်း ၄ နယ်မြေဖြစ်သည့် ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ဆွမ်ဒူတောင်တွင် ယနေ့ နံနက် ၇ နာရီခန့်က စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်...

မြစ်ကြီးနားမြို့ အ.ထ.က(၇) ကျောင်း အနီးတွင် မိုင်းပေါက်ကွဲ

မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်ရှိ အ.ထ.က (၇) ကျောင်းအနီး ယနေ့ ည ၇ နာရီခွဲခန့်တွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

စီတာပူရပ်ကွက်ရှိ နေအိမ်တစ်လုံးမီးလောင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ကင်ဒိုင်ရပ်ကွက်တွင် နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၉နာရီခွဲ အချိန် နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။

ဟိုပင်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် သေနတ်ပစ်ခတ်မှုကြောင့် လေးဦးသေပြီး ပျူစောထီးများပစ်ခတ်ခြင်းဖြစ်သည်ဟုဆို

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ရှိ လက်ဖက်ရည်ဆိုင်တွင် ယနေ့ နံနက် ၈ နာရီခန့်က အမည်မသိ လက်နက်ကိုင် လူတစ်စုက ဆိုင်အတွင်းသို့ ရမ်းသမ်းပစ်ခတ်သောကြောင့် လေးဦးသေဆုံးသွားကြောင်း ကနဦး သိရသည်။

မကွေးတိုင်း၊ ကျောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးတစ်ဦးနှင့် တပ်သားတစ်ဦးကို ဖမ်းမိ

================ လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e  

ဖားကန့် မှော်စီစာကျေးရွာ အ.ထ.ကကျောင်းအနီးတွင် နှစ်ရက်ဆက်တိုက် မိုင်းကွဲ

ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်စီစာကျေးရွာ အထက်တန်းကျောင်း(ခွဲ) စာသင်ကျောင်းအနီးတွင် ယနေ့ ၊ ညနေ ၆ နာရီခွဲခန့်က မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကေအိုင်အေထိန်းချုပ်ရာ အင်ဂွမ်းလကျေးရွာမှ ကိုဗစ်လူနာများ အစားအသောက်နှင့် ဆေးဝါးအကူအညီလိုအပ်နေ

ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ တပ်မဟာ (၁) ဌာနချုပ်တည်ရှိရာ အင်ဂျန်းယန်မြို့နယ်၊ အင်ဂွမ်းလကျေးရွာမှ ကိုဗစ်လူနာ ၅၀၀ ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။

မြစ်ကြီးနား အောက်မော်ဖောင်းကျေးရွာတွင် သေနတ်ပစ်ခတ်သံများ ကြားရ

မြစ်ကြီးနားမြို့ အောက်မော်ဖောင်းကျေးရွာရှိ လေတပ်စခန်းအနီး ယနေ့ နိုဝင်ဘာ ၅ ရက် ည ၇ နာရီဝန်းကျင်ခန့်မှစတင်ကာ လက်နက်ကြီး လက်နက်ငယ်သံများ အဆက်မပြတ်ကြားရကြောင်းသိရသည်။