တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် လာသည့် မိုးမောက်မြို့မှ စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေ

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း ဧပြီလအတွင်းဖြစ်ပွါးခဲ့သည့်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ရှောင်ပြည်သူများ စားဝတ်နေရေး အကူအညီလိုအပ်နေသည်ဟု သိရသည်။

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ ဆိပ်မူအလံသပိတ်စစ်ကြောင်းသည် လုံးခင်းသပိတ်စစ်​ကြောင်းနှင့်ပူး​ပေါင်းကာ လုံးခင်း​ကျေးရွာအတွင်း လှည့်လှည် ဆန္ဒပြခဲ့ကြသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် ပြည်ပရောက်မြန်မာပြည်သူ/သားများအလှူဖြင့် ဘူတာအဝိုင်းပတ်တွင် အိမ်ခြေ ၁၀၀နှင့် ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၃၀ စာတို့အတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ အသားတု၊ ကြက်သွန်၊ ပဲ တို့ကိုလှုဒါန်းခဲ့ကြသည်။