မိုင်ဂျာယန်မြို့ အနီးတစ်ဝိုက်ရှိ စစ်ရှောင်ပြည်သူ ၂၀၀၀ ကျော်ခန့်ကို COVID -19 ကာကွယ်ဆေးထိုးနှံပေး

မိုင်ဂျာယန်မြို့သည် KIO ထိန်းချုပ်နယ်မြေရှိမြို့တစ်မြို့ဖြစ်ပြီး ကောလိပ်များနှင့် ဥပဒေကျောင်းများရှိသဖြင့် ပညာရေးမြို့တော်အဖြစ်ရည်ညွန်းလေ့ရှိကြသည်။

မိုးညှင်းမြို့မှ မီးရထားဝန်ထမ်း ၄၉ ဦး ရာထူးမှ ရပ်ဆဲခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့ မြန်မာ့မီးရထား CDM ဝန်ထမ်းများမှ ၄၉ ဦး ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် ရာထူးမှ ယာယီရပ်ဆဲခံခဲ့ရကြောင်း သိရသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာနသည် အားလုံးအတွက် အကျိုးရှိစေမည့် ဖက်ဒရယ်ပညာရေးစနစ်ကို တည်ဆောက်သွားမည်ဟု ပညာရေးဝန်ကြီးဌာန၏ ဒု-ဝန်ကြီးဒေါ်ဂျာထွယ်ပန်က ပြောကြားလိုက်သည်။

ဖက်ဒရယ်ပညာရေးစနစ်သည် တိုင်းရင်းသားလူမျိုးများအတွက်သာမကဘဲ တစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး အများပြည်သူပိုမိုသိရှိလာစေရန် ဆက်လက်လုပ်ဆောင်မည်ဟု ပညာရေးဝန်ကြီးဌာန၏ ဒု-ဝန်ကြီးဒေါ်ဂျာထွယ်ပန်က The 74 Media ကိုပြောသည်။

မြစ်ကြီးနားမြို့ မော်ဖောင်း​ကျေးရွာရှိ လေတပ်စခန်းအနီးတွင် ပစ်ခတ်သံများကြား​နေရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မော်ဖောင်း​ကျေးရွာရှိ လေတပ်စခန်းအနီးတွင် ယနေ့ည ၉နာရီခွဲခန့်မှ စတင်ကာ ပစ်ခတ်သံများကြား​နေရ​ကြောင်း သိရသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် Interpol ထံ NUG က အ​ကြောင်းကြားစာ​ပေးပို့

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ Interpol၏ အထွေထွေ အတွင်းရေးမှူးထံသို့ NUG က အ​ကြောင်းကြားစာ​ပေးပို့ခဲ့​ကြောင်းသိရသည်။ NUG ၏ လူမှုကွန်ယက်စာမျက်နှာတွင်​ရေးသားထား​သော အ​ကြောင်းကြားစာ...