News

တိုက်ပွဲ​ကြောင့် မိုး​မောက်မြို့နယ်တွင် ​ကျေးရွာ ၁၀ရွာထက်မနည်း ရွာလုံးကျွတ်ထွက်​ပြေး တိမ်း​ရှောင်​နေရ

ကချင်ပြည်နယ်၊ မိုးမောက်မြို့ နယ် စစ်​ကောင်စီတပ်ရှိရာ စီဟတ်ကျေးရွာဝန်းကျင်တစ်ဝိုက်တွင် တိုက်ပွဲများပြင်းထန်​နေ​သော​ကြောင့် စီဟတ်​ကျေးရွာ အနီးအနားရှိ ကျေးရွာများမှပြည်သူများ ထွက်ပြေးတိမ်းရှောင်နေ​ကြောင်းသိရသည်။

မိုးညှင်းကျောင်းသားသမဂ္ဂ အမှု​ဆောင်​ဟောင်း မမြတ်နိုးဝေနှင့် လူငယ်အမျိုးသားတစ်ဦး ယနေ့ဖမ်းဆီးခံရ။

မိုးညှင်းမြို့ စစ်အာဏာရှင်ဆန့်ကျင်​ရေး လမ်းလျှောက်သပိတ် လှည့်လည်အပြီး ဘူတာကြီးရှေ့လူစုခွဲချိန်တွင် မိုးညှင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂအမှု​ဆောင်​ဟောင်း မမြတ်နိုးဝေနှင့်အတူ ကိုကျော်မြင့်ထွန်းတို့ ဖမ်းဆီးခံခဲ့ရ​ကြောင်းသိရသည်။

ဖားကန့်မြို့ရှိ ဗျူဟာကုန်းကို ကေအိုင်အေ ဝင်ရောက်စီးနင်း၊ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲ

ဖားကန့်မြို့ ၊ မြို့မရပ်ကွက် ကလပ်ကုန်းမှ စစ်​ကောင်စီ၏ ဗျူဟာကုန်းတွင် ယ​နေ့ ည ၁၀နာရီခန့်မှစ၍ တိုက်ပွဲပြင်းထန်​နေ​ကြောင်း ဖားကန့်​ဒေသခံများထံမှသိရသည်။

ကျဆုံးသွား​သော ​KIA ဗိုလ်အား ရတနာပုံ ကုန်ထုတ်ဓါတု​​ဗေဒ​ကျောင်းသား/သူများမှ သူရဲ​ကောင်းအဖြစ် မှတ်တမ်းတင်

စစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားစဥ် ကျဆုံးသွားခဲ့​သော ​KIA ဗိုလ်ဖြစ်သူ ​ကိုဇော်ဂျာ​နော်အား ရတနာပုံ​တက္ကသိုလ် ကုန်ထုတ်ဓါတု​ဗေဒ​ကျောင်းသား/​ကျောင်းသူများမှ ဒီမိုက​ရေစီသူရဲ​ကောင်းအဖြစ် ကမ္ဗည်းမှတ်တမ်းတင်​ကြောင်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နာတွင် ​ရေးသားထားသည်။

ဝိုင်းမော်မြို့ ရောင်စုံလူငယ်များအဖွဲ့(CYG)သို့ အလှူငွေ ၂၃၂၅၀၀၀ ကျပ်ကို အမည်မဖော်လိုသူတစ်ဦးမှ လှူဒါန်းပေးခဲ့သည်။

လက်ခံရရှိသော အလှူငွေများကို CDM ဝန်ထမ်းများနှင့် အခြားလိုအပ်သောနေရာများတွင် သွားရောက်လှူဒါန်းသွားမည်ဟု သိရသည်။