News

ဖားကန့်၊ ဆွတ်ငိုင်ယန်​ကျေးရွာတွင် ဧပြီ ၁၈ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်များ၏ ရမ်းတမ်းပစ်ခတ်မှုကြောင့် နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့​ကြောင်း ဖားကန့်ဒေသခံအချို့က​ပြောသည်။

​ဒေသခံများ ကတုတ်ကျင်းများတွင် ပုန်းခိုခဲ့​သော​ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိ​ကြောင်း ​ဒေသခံတစ်ဦးက​ပြောသည်။

မြစ်ကြီးနား အေးမြသာယာတွင် စစ်ကောင်စီတပ်ဖွဲ့များ အရပ်ဝတ်နှင့် ဖမ်းဆီးမှုများရှိနေ

မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အတွင်း ယနေ့ည ၉ နာရီခန့်မှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်အချို့တွင် ဝင်ရောက်ရှာဖွေကာ အချို့ကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရန်ပြုသဖြင့် တုံ့ပြန်ပစ်ခတ်၍ သေဆုံးသူ ကိုးဦးရှိကြောင်း စစ်ကောင်စီလိမ်လည်ကြေညာ

ကချင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရန်ပြုသဖြင့် တုံ့ပြန်ပစ်ခတ်၍ သေဆုံးသူ ကိုးဦးနှင့် ဆန္ဒပြစဉ် ရောဂါဖြင့်သေဆုံးသူတစ်ဦးရှိကြောင်း စစ်ကောင်စီက ယနေ့ညမြန်မာ့ အသံတွင် ကြေညာခဲ့သည်။

ဖားကန့်ရှိ ဗျူဟာကုန်းသို့ စစ်​ကောင်စီတပ် အင်အားတိုးချဲ့လာ​သော​ကြောင့် ပြည်သူများ တိမ်း​ရှောင်​နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ မြို့မရပ်ကွက် ဗျူဟာကုန်းသို့ ယ​နေ့ မွန်းလွဲ ၂နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားတိုးချဲ့လာ​သော​ကြောင့် ​ဒေသခံများတိမ်း​ရှောင်​နေရ​ကြောင်း ဖားကန့်ဒေသခံများထံမှ သိရသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂ များအဖွဲ့ချုပ် မြစ်ကြီးနားမြို့ အခြေခံပညာ ကျောင်းသားများသမဂ္ဂအဖွဲ့မှ ကျဆုံးသွားသော ကေအိုင်အေ စစ်သည်များအား ထာဝရ ပြည်သူ့သူရဲကောင်းအဖြစ် သတ်မှတ်ကြောင်းထုတ်ပြန်ကြေညာ