Month: October 2021

ဗန်းမော် အ.ထ.က (၁) ကျောင်းရှေ့ ဗုံးကွဲ

ကချင်ပြည်နယ် ဗန်းမော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကင်းစခန်းတွင် ယနေ့နံနက် ၈နာရီခွဲခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် ခရီးသွားအမျိုးသားများကို တရားမဝင်ငွေကြေးကောက်ခံမှုများရှိနေ

မြစ်ကြီးနား-ဖားကန့်ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် ခရီးသွားအမျိုးသားတစ်ဦးလျင် ငွေကျပ် ၅၀၀၀ ပေး၍ ဖြတ်သန်းနေရကြောင်း သိရသည်။

မိုးဗြဲမြို့​ပေါ်တွင် စစ်​​ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှု​ကြောင့် ပြည်သူတစ်ဦး​သေဆုံးကာ နှစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ရှိ စည်ကား(၁)ရပ်ကွက်တွင် ယနေ့နံနက် ခုနစ်နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွား​ကြောင်း သိရသည်။

ဖယ်ခုံတွင် စစ်ကောင်စီတပ်ကို PDF အလစ်ဝင်တိုက်ပြီး စစ်ကောင်စီတပ်သား ငါးဦးသေ

ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခ.မ.ရ) ၃၃၆ ကို ယမန်နေ့ ည ၉ နာရီခွဲခန့်က ဖယ်ခုံ PDFများ အလစ်ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့ပြီး...

တန့်ဆည်မြို့တွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ​သဖြင့် သုံးဦး​သေ၊ စစ်ကောင်စီရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးကျဆုံး

လမ်းသွားလမ်းလာများကို စစ်ဆေးနေသည့် တန့်ဆည်မြို့ ကံထူးမကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်ခံရသော​ကြောင့် သုံးဦး​သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တန့်ဆည်မှ စစ်ရှောင်ပြည်သူများ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ထပ်မံတိမ်းရှောင်ရ

တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာမှ စစ်ရှောင်ပြည်သူများ တိမ်းရှောင်နေသည့် နေရာသို့ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သဖြင့် ယနေ့ နံနက် ၁၀ နာရီခွဲခန့်က ထပ်မံတိမ်းရှောင်နေရကြောင်း သိရသည်။

ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်သားများ၏ လက်နက်များသိမ်းဆည်းရမိ

ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်မြေပြင်တွင် နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်အချို့သိမ်းဆည်းရမိကြောင်း ကိုးကန့်သတင်းက ထုတ်ပြန်ထားသည်။