News

လုပ်ကြံသတ်ဖြတ်ခံရသည့် ဆရာခွန်ဂျော်လီ၏ နာရေးပွဲကို မြစ်ကြီးနားမြို့တွင် ပြုလုပ်

အမည်မသိလူတစ်စုက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားသည့် ဘာသာရေးဆရာဟောင်း ဦးနမ်မြဲခွန်ဂျော်လီ၏ နာရေးဆုတောင်းပွဲ ယနေ့မွန်းတည့် ၁၂ နာရီခန့်က မြစ်ကြီးနားမြို့၊ နောင်နန်းအုပ်စုရှိ ကချင်ခရစ်ယာန်ဓမ္မတက္ကသိုလ် (KTCS) တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

နာဖော့စခန်းကို KIA ပူးပေါင်းတပ်က ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေပြီး စခန်းသိမ်းနိုင်ရန် အနည်းငယ်လိုသေး၊ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူရယူနေ

ဝိုင်းမော်မြို့နယ် လိုင်ဇာမြို့အနီး ကျန်ရှိနေသည့် စစ်ကောင်စီစခန်းအနည်းငယ်အနက် စစ်ရေးအရအရေးပါသည့် နာဖော့စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေသောကြောင့် တိုက်ပွဲများပြင်းပြင်းထန်ထန်ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ဆွမ်ပရာဘွမ်တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် သုံးဦးကျဆုံး

စစ်ကောင်စီတပ်နှင့် ဆွမ်ပရာဘွမ်မြို့တွင် ဖြစ်ပွားနေသော တိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေးတပ် (KIA)ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်သုံးဦး ကျဆုံးခဲ့ကြောင်းသိရသည်။

ဆင်ဘိုမြို့ရှိ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်က ပြန်လည်ထိုးစစ်ဆင်

မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့အနီး တစ်ခုတည်းကျန်သော စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့က ယနေ့မွန်းလွှဲ ၁ နာရီခန့်မှစတင်ကာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

ကချင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် စစ်မှုထမ်းရန် အသက်ပြည့်သည့်လူငယ်စာရင်းများ စတင်ကောက်ခံနေ

စစ်မှုထမ်းရန်အတွက် ကချင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက အသက်ပြည့်ပြီးသူများကို စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် တနိုင်းမြို့နယ်မှ စစ်ကောင်စီစခန်းကို အပြီးသတ်သိမ်းပိုက်

တနိုင်းမြို့နယ်တွင် KIA က ယမန်နေ့မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စခန်းကို ည ၈ နာရီခန့်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

KIA နှင့် စစ်ကောင်စီတပ်တို့ လက်နက်ကြီးအပြန်အလှန် ပစ်ခတ်၊ မိုးမောက် – လွယ်ဂျယ်လမ်း ပိတ်ထား

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ နံနက်က  လက်နက်ကြီး အပြန်အလှန်ပစ်ခတ်ခဲ့ပြီး မိုးမောက် – လွယ်ဂျယ်ကားလမ်းမကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးထားသည့် ဗန်းမော်စစ်ရှောင်ပြည်သူ အားလုံးပြန်လွတ်ပြီ

စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဗန်းမော်မြို့၊ ရောဘတ်စစ်ရှောင်စခန်းမှ အမျိုးသား ၁၄ ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အဓိကထားခုခံနေ၊ စစ်ကောင်စီတပ်စခန်း တစ်ခုသာကျန်

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့က ဆွမ်ပရာဘွမ်မြို့အတွင်း တစ်ခုတည်းကျန်သော စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း‌ လေကြောင်း ပစ်ကူများဖြင့် ခုခံနေကြောင်း သိရသည်။

နမ္မတီးတွင် ဘာသာရေးဆရာတစ်ဦးကို အမည်မသိလူတစ်စုက ပစ်ခတ်သတ်ဖြတ်

မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့နေ ဘာသာရေးဆရာတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားသုံးဦးက ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် လာရောက်ပစ်သတ်သွားကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်ခဲ့သည့် တာမခန်ကျေးရွာတွင် ဒေသခံများ၏ နေအိမ် ၄၀၀ ကျော်ခန့် မီးလောင်ပျက်စီး

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တစ်လခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည့် ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာတွင် နေအိမ်လေးရာခန့်မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူများက ရှင်းလင်းရေးလုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

မီးကြိုးမကြာခဏ ခိုးယူခံရသဖြင့် ဖားကန့်ဒေသခံများ ကိုယ်ထူကိုယ်ထကာကွယ်နေရ

လျှပ်စစ်မီးကြိုးဖြတ်ကာခိုးယူမှု မကြာခဏဖြစ်ပွားလေ့ရှိသော ဖားကန့်မြို့၊ လုံးခင်းကျေးရွာရှိ ဒေသခံပြည်သူများက ကိုယ်ထူကိုယ်ထကာကွယ်မှုများပြုလုပ်နေရကြောင်း သိရသည်။