စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကုန်စုံဆိုင်တစ်ဆိုင်ကို မီးရှို့ပြီး ပြည်သူတစ်ဦးကို ဖမ်းဆီး

ဖားကန့်မြို့နယ် လုံးခင်းအုပ်စုရှိ ကုန်စုံဆိုင်တစ်ဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကယနေ့ နံနက် ၆ နာရီခန့်က မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံပြည်သူတစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်းသိရသည်။

ဝိုင်းမော်မြို့ အ.ထ.က (၁) ကျောင်းအနီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ပိုများလာသဖြင့် ဒေသခံများ အခက်တွေ့

ဝိုင်းမော်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအနီး မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူများ ပိုမိုများပြားလာပြီး အာဏာပိုင်များကအရေးယူမှုမရှိသောကြောင့် ဒေသခံများအနေဖြင့် မလုံမခြုံခံစားနေရကြောင်း သိရသည်။

စစ်ကိုင်း – ရွှေဘိုကားလမ်းတစ်နေရာတွင် အမျိုးသမီးနှစ်ဦးသတ်ဖြတ်ခံထားရ၊ အနီးတွင် ကလေးငယ်တစ်ဦးကို အသက်ရှင်လျက်တွေ့

စစ်ကိုင်းမြို့ နီလာရပ်ကွက် စစ်ကိုင်း – ရွှေဘို အမှတ် (၃) ခရိုင်ချင်းဆက်ကားလမ်းတွင် ယမန်နေ့ ညနေ ၃ နာရီခန့်က အမျိုးသမီးနှစ်ဦး သတ်ဖြတ်ခံထားရပြီး အနီးတွင်...

ဖားကန့်တွင် ဝါယာရှော့ကြောင့် နေအိမ် မီးလောင်မှုဖြစ်ပွား

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ ရှမ်းကုန်းဈေးမှ နေအိမ်တစ်လုံး ယနေ့ည ခြောက်နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မုံရွာမြို့အဝင်ရှိ စစ်ကောင်စီဂိတ်ကို လက်နက်ကြီး ငါးဆယ်လုံးခန့်ဖြင့် တိုက်ခိုက်ရာ ၅ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်ရှိ စစ်ကောင်စီ မအူစစ်ဆေးရေးဂိတ် ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က တိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲခံရပြီး ၁၂ ဦးသေ

မြင်းမူမြို့နယ်သို့ ခြေလျင်စစ်ကြောင်း ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး ခန့်...

ရဲနှစ်ဦးပစ်သတ်ခံခဲ့ရသည့် ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်များဖြင့် ရမ်းသမ်းပစ်ခတ်

မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းမှ ရဲနှစ်ဦး ယနေ့နံနက်ပိုင်း ဈေးဝယ်ထွက်ချိန် ပစ်သတ်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာကို ဝိုင်းဝန်းပိတ်ဆို့ထားကာ လက်နက်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

မြောင်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေ

မြောင်မြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူလေးထောင်အတွက် အစားအသောက်နှင့် နေရာထိုင်ခင်းအကူအညီများ လိုအပ်နေကြောင်း သိရသည်။

မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးရဲဘော်နှစ်ဦး ကျဆုံး

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အစပ်ရှိ မိုးဗြဲမြို့တွင် ယမန်‌နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

PDF အယောင်ဆောင်ကာ ဆိုင်ကယ်နှင့်ဖုန်း လုယက်ခဲ့သည့် တပ်ပြေးသုံးဦး ဖမ်းဆီးခံရ

ပြည်သူ့ကာကွယ်ရေးတပ်သား (PDF) ယောင်ဆောင်ပြီး ဆိုင်ကယ်နှင့်မိုဘိုင်းဖုန်းများ လုယက်သွားခဲ့သည့် စစ်ကောင်စီတပ်ပြေးသုံးဦးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။