Month: September 2021

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူနှစ်ဦးကို အကြောင်းမဲ့ပစ်ခတ်၊ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

ဖယ်ခုံတွင် စစ်​ကောင်စီတပ်၏ ပစ်ခတ်မှု​ကြောင့် ပြည်သူနှစ်ဦး ကျည်ထိမှန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ယနေ့ နေ့လယ် ၁၂ နာရီ​ကျော်မှစတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် PDF တို့အကြား တိုက်ပွဲ​တွင် ပြည်သူနှစ်ဦး​ ကျည်ထိမှန်ခဲ့​ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့်ဖြစ်ပွား​သော တိုက်ပွဲအတွင်း ကျဆုံးခဲ့​သော KNDF တပ်ဖွဲ့ဝင်တစ်ဦးအား သင်္ဂြိုလ်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကုန်းသာကျေးရွာနှင့်အနီးတစ်ဝိုက်ကျေးရွာများတွင် စစ်ကောင်စီ တပ်ဖွဲ့နှင့်ဖြစ်ပွား​သော တိုက်ပွဲအတွင်း ကျဆုံးခဲ့သော KNDF ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအား ယနေ့မွန်းလွဲ တစ်နာရီက သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

မိုး​​မောက်မြို့တွင် မိုင်းကွဲ၊ တစ်ဦးထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အလင်းကောင်ရပ်ကွက်ရှိ လွယ်ဂျယ်လမ်းခွဲတွင် ယနေ့ နံနက် ၁၀ နာရီခန့်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုံရွာတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒေသခံတစ်ဦးကို အကြမ်းဖက်သတ်ဖြတ်၊ ရုပ်အလောင်းကို ကားဖြင့် တက်ကြိတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွေးကျေးရွာနှင့် ကြေးမုံရွာတွင် ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက် ၅ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း...

စစ်ကောင်စီသင်္ဘောပေါ်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် တိရိစ္ဆာန်နှင့် တဲအိမ်များ ထိခိုက်ပျက်စီ

ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ တောပုန်းကျွန်းတွင် ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွှဲ ၃ နာရီခန့်က စစ်ကောင်စီသင်္ဘော ဆန်တက်လာချိန် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများကြောင့် ပြည်သူတို့၏...

ရွှေကူတွင် စစ်ကောင်စီသင်္ဘောကို ကေအိုင်အေတိုက်ခိုက်

ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ရွှေဘုံသာကျေးရွာအနီးသို့ ယနေ့မွန်းလွှဲ ၃ နာရီခန့်၌ စစ်ကောင်စီသင်္ဘောတစ်စီးကို ကေအိုင်အေက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။

မုံရွာမြို့တွင် အကြောင်းမဲ့ ဖမ်းဆီးခံရသည့် ပရဟိတဆရာဝန်ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်မသိသေ

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ရှိ မနောဥယျာဉ် ကချင်ရိုးရာစားသောက်ဆိုင်ပိုင်ရှင်ဖြစ်သည့် ပရဟိတဆရာဝန်ကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးသွားပြီး နှစ်ရက်ကြာသည်အထိ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်း သိရသည်။

တစ်ပြည်လုံးအုံကြွမှ တော်လှန်ရေးအောင်မြင်မည်ဖြစ်သဖြင့် စစ်မျက်နှာများဖွင့်လှစ်တိုက်ခိုက်ရန် PPDF တောင်းဆို

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များက အင်အားအများအပြားဖြင့် စစ်ဆင်ရေးပြင်ဆင်နေသဖြင့် တစ်နိုင်ငံလုံးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်မျက်နှာဖွင့်ပေးရန် ပင်လည်ဘူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တောင်းဆိုလိုက်သည်။