Month: August 2021

ဝိုင်းမော် ခ.လ.ရ (၅၈) တပ်က လက်နက်ကြီးနှင့် လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အခြေစိုက် ခ.လ.ရ ၅၈ တပ်က ယနေ့ ဩဂုတ်လ ၃၀ ရက် ည ၇ နာရီခန့်က လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း...

တပ်ရင်းမှူး​အပါအဝင် စစ်သည်အများအပြား​ သေဆုံးခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးတိုက်ပွဲ

ဩဂုတ်လ ၂၈ရက်​နေ့က တပ်ရင်းမှူး​အပါအဝင် စစ်သည်အများအပြား​ သေဆုံးခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးတိုက်ပွဲအတွင်း သိမ်းဆည်းရမိသော စစ်​ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို​​​တွေ့ရစဥ်။

လွိုင်​ကော်မြို့နယ်တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ​သေဆုံးသူများပြား

ကယားပြည်နယ်၊ လွိုင်​ကော်မြို့နယ်တွင် ယမန်နေ့ ဩဂုတ်၂၈ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် KNDF တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လွိုင်​ကော်မြို့နယ်တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချထွက်​​ပြေး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေး​ကျေးရွာအရှေ့ဘက်ခြမ်းတွင် ယနေ့ညနေ ငါးနာရီခန့်၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချထွက်ပြေးခဲ့ကြောင်းသိရသည်။

ရှမ်းမြောက်တွင် စစ်ကောင်စီတပ်ဖွဲ့များ အတုံးအရုံး သေဆုံး၊ လက်နက်အများအပြား သိမ်းဆည်းရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့တွင် ယနေ့ နေ့လာ်က စစ်ကောင်တပ်များကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ကိုးကန့် (MNDAA) တပ်များ ပူးပေါင်းတိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်များ အကျအဆုံးများသည်ဟု သိရသည်။

မဒိန်ကျေရွာမှ ဒေသခံပြည်သူသုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာတွင် ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့၌ ခ.လ.ရ ၅၈ တပ်က ဒေသခံပြည်သူ‌ သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဝိုင်း​မော် ခ.လ.ရ (၅၈)တပ်၏ လက်နက်ကြီး လူ​နေအိမ်အချို့တွင် ကျ​​ရောက် ​ပေါက်ကွဲ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ခ.လ.ရ(၅၈)တွင် ယနေ့ပစ်ခတ်မှုဖြစ်ပွားချိန် ခါ့ကွမ်‌ေကျးရွာနှင့် မဒိန်ကျေးရွာရှိ လူနေအိမ်အချို့တွင် လက်နက်ကြီး ကျရောက်မှုများရှိခဲ့‌ေကြာင်း သိရသည်။