Photos

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူနှစ်ဦးကို အကြောင်းမဲ့ပစ်ခတ်၊ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

ဖယ်ခုံတွင် စစ်​ကောင်စီတပ်၏ ပစ်ခတ်မှု​ကြောင့် ပြည်သူနှစ်ဦး ကျည်ထိမှန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ယနေ့ နေ့လယ် ၁၂ နာရီ​ကျော်မှစတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် PDF တို့အကြား တိုက်ပွဲ​တွင် ပြည်သူနှစ်ဦး​ ကျည်ထိမှန်ခဲ့​ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့်ဖြစ်ပွား​သော တိုက်ပွဲအတွင်း ကျဆုံးခဲ့​သော KNDF တပ်ဖွဲ့ဝင်တစ်ဦးအား သင်္ဂြိုလ်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကုန်းသာကျေးရွာနှင့်အနီးတစ်ဝိုက်ကျေးရွာများတွင် စစ်ကောင်စီ တပ်ဖွဲ့နှင့်ဖြစ်ပွား​သော တိုက်ပွဲအတွင်း ကျဆုံးခဲ့သော KNDF ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအား ယနေ့မွန်းလွဲ တစ်နာရီက သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

မိုး​​မောက်မြို့တွင် မိုင်းကွဲ၊ တစ်ဦးထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အလင်းကောင်ရပ်ကွက်ရှိ လွယ်ဂျယ်လမ်းခွဲတွင် ယနေ့ နံနက် ၁၀ နာရီခန့်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုံရွာတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒေသခံတစ်ဦးကို အကြမ်းဖက်သတ်ဖြတ်၊ ရုပ်အလောင်းကို ကားဖြင့် တက်ကြိတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွေးကျေးရွာနှင့် ကြေးမုံရွာတွင် ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက် ၅ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း...

ရွှေကူတွင် စစ်ကောင်စီသင်္ဘောကို ကေအိုင်အေတိုက်ခိုက်

ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ရွှေဘုံသာကျေးရွာအနီးသို့ ယနေ့မွန်းလွှဲ ၃ နာရီခန့်၌ စစ်ကောင်စီသင်္ဘောတစ်စီးကို ကေအိုင်အေက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။

မုံရွာမြို့တွင် အကြောင်းမဲ့ ဖမ်းဆီးခံရသည့် ပရဟိတဆရာဝန်ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်မသိသေ

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ရှိ မနောဥယျာဉ် ကချင်ရိုးရာစားသောက်ဆိုင်ပိုင်ရှင်ဖြစ်သည့် ပရဟိတဆရာဝန်ကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးသွားပြီး နှစ်ရက်ကြာသည်အထိ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်း သိရသည်။

စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ဖျက်ဆီးထားသည့် ကား

ဒီးမော့ဆိုမြို့နယ် သေးဆူလဲရွာအဝင်တွင် ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ဖျက်ဆီးထားသည့် ကားနှင့်ပတ်သက်ပြီး စုံစမ်းနေကြောင်း ဒီးမော့ဆို PDF ထုတ်ပြန်

စစ်ကောင်စီအထိနာခဲ့သည့် ပင်လယ်ဘူးတွင် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာတွင် ယနေ့ ညနေ ၆ နာရီဝန်းကျင်ခန့်က စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ဗုံးကျဲခဲ့ကြောင်း သိရသည်။

ဆယ်နှစ်အတွင်း အာဆီယံအတွင်း ထိပ်တန်းနိုင်ငံဖြစ်နိုင်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

ကြိုးစားပါက ဆယ်နှစ်အတွင်း အာဆီယံနိုင်ငံများအတွင်း ထိပ်တန်းနိုင်ငံဖြစ်နိုင်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ယမန်နေ့စက်တင်ဘာလ ၂၅ ရက်နေ့က ပြောကြားလိုက်သည်။