News

မြစ်ကြီးနားမြို့တွင် ယနေ့ညနေ ရဟတ်ယာဉ်ပျံသန်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်မှ မြို့ထဲဘက်သို့ ယနေ့ညနေ ၆ နာရီခန့်က ရဟတ်ယာဉ်တစ်စင်းသည် ပျံသန်းသွားကြောင်းသိရသည်။

စစ်ကောင်စီဘက်မှ သက်သေထွက်ဆိုခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် ၂၀ ဦးတွင် ကိုဗစ်၁၉ ပိုးတွေ့

ခရစ်ယာန်ဓမ္မဆရာသုံးပါးအမှုတွင် စစ်ကောင်စီဘက်မှ တရားလိုပြသက်သေထွက်ဆိုခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အခြား၂၀ ဦးတွင် ကိုဗစ်၁၉ ပိုးတွေ့ရှိခဲ့သဖြင့် နောင်မွန်မြို့ကို အသွားအလာကန့်သတ်လိုက်ကြောင်း သိရသည်။

အာဆီယံထိပ်သီးညီလာခံသို့ တက်ရောက်ခွင့်မပြုခြင်းကြောင့် ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာန ခြိမ်းခြောက်

အာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့်မပြုသည့် ဆုံးဖြတ်ချက်ကို ကန့်ကွက်ပြီး ထိုသို့ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနက ၎င်းတို့၏ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ကြေညာလိုက်သည်။

ကချင်အမျိုးသားအသင်းဥက္ကဌ ဒူဝါဘောမ်ဝမ်လရော်ကွယ်လွန်

ကချင်အမျိုးသားအသင်း (KNO) ဥက္ကဌ ဒူဝါဘောမ်ဝမ်လရော် ယနေ့ အောက်တိုဘာလ ၁၆ ရက် ညနေပိုင်းတွင် နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ် နေရာအချို့တွင် တိုက်ပွဲဖြစ်

ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ တပ်မဟာ (၃) နှင့် တပ်မဟာ (၆) နယ်မြေများတွင် ယနေ့ အောက်တိုဘာလ ၁၆ ရက်နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု...

ဗလမင်းထင်တံတား အမှတ်(၂) ပန္နက်ရိုက်အခမ်းအနားကို လုံခြုံရေးတင်းကျပ်စွာ ပြုလုပ်

ဗလမင်းထင်တံတား အမှတ် (၂ ) စတင်ဆောက်လုပ်ရန် ပန္နက်ရိုက်အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီခန့်က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီခေါင်းဆောင်ကို အစည်းအဝေးတက်ရောက်ခွင့်မပေးရန် အာဆီယံဆုံးဖြတ်

အာဏာသိမ်းစစ်ခေါင်းဆောင်ကို ယခုလနှောင်းပိုင်းတွင်ပြုလုပ်မည့် အာဆီယံထိပ်သီးညီလာခံအစည်းအဝေးတက်ရောက်ခွင့်မပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ဂျပန်အခြေစိုက် NHK သတင်းဌာနက ကြေညာလိုက်သည်။

စစ်ကောင်စီသတင်းပေးဟုယူဆရသူ ရာအိမ်မှူးဟောင်းတစ်ဦး ပစ်သတ်ခံရ

စစ်ကောင်စီသတင်းပေးတစ်ဦးဟု ယူဆရသူတစ်ဦးကို အမည်မသိလူတစ်စုက ပစ်ခတ်သတ်ဖြတ်မှု ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာ မှော်ရှန်ရပ်ကွက်တွင်...

ဗုံးကွဲခဲ့သည့် ဗန်းမော်မြို့နန်းသီတာမီးပွိုင့်အနီး ဗုံးနောက်တစ်လုံးထပ်ကွဲ

လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးဖမ်းဆီးလေ့ရှိပြီး ယမန်နေ့တွင် ဗုံးကွဲခဲ့သည့် ကချင်ပြည်နယ် ဗန်းမော်မြို့ နန်းသီတာမီးပွိုင့်အနီး ယနေ့ အောက်တိုဘာ ၁၅ ရက် နံနက် ၁၁ နာရီခွဲခန့်က ဗုံးတစ်လုံးထပ်မံပေါက်ကွဲခဲ့ကြောင်း...

လဝါးကျေးရွာမှ စစ်ရှောင်စခန်းနှစ်ခုရှိ ပြည်သူ ၉၇ ဦးတွင် ကိုဗစ်၁၉ ပိုးတွေ့

ဖားကန့်မြို့နယ် လဝါးကျေးရွာရှိ စစ်ရှောင်စခန်းနှစ်ခုတွင် နေထိုင်ကြသည့် စစ်ရှောင်ပြည်သူ သုံးပုံတစ်ပုံခန့် ကိုဗစ်၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း သိရသည်။