မြစ်ဆုံမှာ အကြီးစားရွှေတူးဖော်နေတာကို ဆန့်ကျင်ကန့်ကွက်ဖို့ အားလုံးမှာ တာဝန်ရှိတယ်
ကချင်ပြည်နယ် မြစ်ဆုံကနေစတင်စီးဆင်းတဲ့ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့အဓိက အသက်သွေးကြော မြစ်တစ်စင်းဖြစ်သလို မြစ်ဆုံဆိုတာ ဒေသခံတွေအတွက် သမိုင်းကြောင်းအရ အရေးပါတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
ချီးကြိုက်တဲ့ခွေးတွေ (ကာတွန်း – ဗထက်ခြိုက်)
ချီးကြိုက်တဲ့ခွေးတွေ (ကာတွန်း – ဗထက်ခြိုက်)
ကနီပြည်သူ့ကာကွယ်ရေးတပ်တိုက်ခိုက်သဖြင့် စစ်ကောင်စီရေယာဉ်တစ်စီး နစ်မြုပ်သွား
ကနီပြည်သူ့ကာကွယ်ရေးတပ်(KPDF) က မိုင်းခွဲတိုက်ခိုက်သဖြင့် စစ်ကောင်စီ၏ ရေယာဉ်တစ်စီး ကနီမြို့ မဲဒင်ကျေးရွာအနီး နစ်မြုပ်သွားကြောင်း သိရသည်။
ကက်သလစ်အသင်းတော် မြစ်ကြီးနားဂိုဏ်းအုပ်သာသနာက ရွှေတူးဖော်မှုရပ်တန့်ရန် ထုတ်ပြန်တောင်းဆို
စက်ယန္တရားဖြင့် ရွှေတူးဖော်နေမှုကိုရပ်တန့်ရန်နှင့် ဒေသခံများ၏အခွင့်အရေးကိုလေးစားလိုက်နာရန် အပါအဝင် ကချင်ပြည်နယ်တွင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့်ပတ်သက်ပြီး ကက်သလစ်အသင်းတော် မြစ်ကြီးနားဂိုဏ်းအုပ်သာသနာက ထုတ်ပြန်တောင်းဆို
ကိုးကန့် (MNDAA) နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးဒေသရှိ ဖောင်းဆိုင်၊ မန်ယန်( Man Yang) ကျေးရွာအနီးယနေ့ နံနက်၄ နာရီခန့်မှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကိုးကန့်(MNDAA)တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကောင်စီသင်္ဘောတစ်စင်း ရွှေကူမြို့နယ်တွင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်
ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်ကောင်စီ သင်္ဘောတစ်စီးသည် ယနေ့မွန်းလွှဲ ၂ နာရီခွဲခန့်က ရွှေကူမြို့နယ် မင်းကျောင်းကုန်းကျေးရွာသို့ လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း သိရသည်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နှင့်အတူ အာဏာရှင်စနစ် ပြုတ်ကျရေးတော်လှန်ရေးခရီးတွင် လက်တွဲလိုကြောင်း ယာယီသမ္မတဒူဝါလရှီးလပြော
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နှင့်အတူ အာဏာရှင်စနစ် ပြုတ်ကျရေးတော်လှန်ရေးခရီးတွင် လက်တွဲလိုကြောင်း ယာယီသမ္မတဒူဝါလရှီးလပြော
ဖားကန့်တွင် စစ်ကောင်စီသတင်းပေးဟုဆိုသူ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာ၊ ဆိုင်းတောင်တံတားထိပ်တွင် ယနေ့နံနက် ၉နာရီခွဲအချိန်က ရာအိမ်မှူးတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွင် ကချင်ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ် ဦးခက်ထိန်နန်ပါဝင်
လူ့အခွင့်အရေးကို ဆိုးဝါးစွာချိုးဖောက်သူများတွင် ကချင်ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ် ဦးခက်ထိန်နန်ပါဝင်သဖြင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ဘဏ္ဍာရေးဒဏ်ခတ်ပိတ်ဆို့အရေးယူခံရသူများတွင် ထည့်သွင်းလိုက်ကြောင်း သိရသည်။
ဖားကန့်တွင် ပျူစောထီးခေါင်းဆောင်ဆိုသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရ
ဖားကန့်မြို့နယ်၊ မရှီကထောင်ရက်ကွက်တွင် ယမန်နေ့ ည ၇ နာရီခွဲခန့်က ပျူစောထီးခေါင်းဆောင်ဟုဆိုသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသောကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။