ဒရုန်းကြောင့် ဝိုင်းမော်မြို့နယ်တွင် သက်ကြီးရွယ်အိုနှစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ ပြည်သူများ တိုက်ပွဲကြားပိတ်မိနေဆဲဟုဆို

စစ်ကောင်စီတပ်၏ ဒရုန်းကြောင့် ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာမှ သက်ကြီးရွယ်အို အမျိုးသမီးနှစ်ဦး ယနေ့ သေဆုံးခဲ့ကာ ကလေးငယ်နှစ်ဦးအပါအဝင် စုစုပေါင်း သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူများတိုက်ပွဲကြားတွင် ပိတ်မိနေဆဲဖြစ်ကြောင်းသိရသည်။

လိုင်ဇာအနီးရှိ စစ်ရေးအရအရေးပါသည့် စစ်ကောင်စီတပ်စခန်းကုန်း နှစ်ခုကို KIA ထပ်မံသိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ အလံဖြူထောင်

KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ ကစဲန်ကောင် (Kasen Kawng) စစ်ကောင်စီစခန်းနှင့် ခယာဘွမ်(Hkaya Bum)စခန်းကို ယနေ့ နေ့လယ် တစ်နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က...

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးထိမှန်သဖြင့် ဗန်းမော်ဒေသခံတစ်ဦးသေဆုံး၊ အချို့ဒဏ်ရာရ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ယမန်နေ့ ညနေ ၄ နာရီခန့်က ဗန်းမော်မြို့တွင် အမျိုးသမီးတစ်ဦးသေဆုံးပြီး အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားလေဆိပ်မှ လေကြောင်းခရီးစဉ်များ အားလုံးပယ်ဖျက်၊ လေဆိပ်ယာယီပိတ်ထား

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသောကြောင့် မြစ်ကြီးနားလေဆိပ်မှ လေကြောင်းခရီးစဉ်များအားလုံး ယနေ့မှစတင်ကာ အရေးပေါ်ပယ်ဖျက်လိုက်ကြောင်းသိရသည်။

တိုက်ပွဲကြောင့် မြစ်ကြီးနား – ပူတာအိုကားလမ်းပိတ်၊ ခင်ဒူယာန်ကျေးရွာတွင် ခရီးသည်ကားအချို့ ပိတ်မိနေဟုဆို

တိုက်ပွဲအခြေအနေကြောင့် မြစ်ကြီးနား – ပူတာအိုလမ်းကို ယနေ့နံနက်မှစတင်ကာ သွားလာခွင့်ယာယီပိတ်ထားကြောင်း ကားသမားများထံမှသိရသည်။

စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ဝိုင်းမော်ဒေသခံတစ်ထောင်ကျော် ပိတ်မိနေ

တိုက်ပွဲပြင်းထန်နေသည့် ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) ကျေးရွာအနီးစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော်ခန့် ပိတ်မိနေကြောင်းသိရသည်။

ခ.လ.ရ ၃၂၁ မှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကူစစ်ကြောင်းကို KIA ကြားဖြတ်တိုက်ခိုက်

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) ၃၂၁ မှ ကားသုံးစီးဖြင့်ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်မှ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်၊ တပ်ဖွဲ့ဝင်အချို့ လက်နက်ချ

ဆွမ်ပရာဘွမ်မြို့နယ်ရှိ မလိယန်စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူပေါင်းတပ်များက ယမန်နေ့ည ၁၁ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဆွမ်ပရာဘွမ်မြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲအချို့ လက်နက်ချအလင်းဝင်ခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း သေဆုံး

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း ယနေ့နံနက်က ခြောက်နာရီခွဲခန့်က ဝိုင်းမော်မြို့နယ် ခါးရှီကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် သေဆုံးသွားကြောင်း သိရသည်။

စစ်ကောင်စီစခန်းများကို KIA ထိုးစစ်ဆင်နေချိန် ဗန်းမော်လေယာဉ်ကွင်းနှင့် နမ့်ပေါင်လေတပ်စခန်း တိုက်ခိုက်ခံရ

ဗန်းမော်မြို့ လေယာဉ်ကွင်းနှင့် မြစ်ကြီးနားမြို့ နမ့်ပေါင်လေတပ် ယနေ့ နံနက်က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် လိုင်ဇာတွင် ဒေသခံနှစ်ဦးသေပြီး နှစ်ဦးထက်မနည်းဒဏ်ရာရ

တိုက်ပွဲပြင်းထန်နေသည့် လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းက ပစ်ခတ်သည့်လက်နက်ကြီးကြောင့် ယနေ့ နံနက် ၁၀ နာရီခန့်က အရပ်သား နှစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် စစ်ကောင်စီစခန်းအများအပြားကို KIA ပူးပေါင်းတပ်က တစ်ပြိုင်တည်း တိုက်ခိုက်၊ အချို့ သိမ်းပိုက်ထား

မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ယနေ့ နံနက်ပိုင်းမှ စတင်ကာတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်စခန်းနှစ်ခုကိုလည်း သိမ်းပိုက်ရရှိထားကြောင်း သိရသည်။