ကေအိုင်အေထိန်းချုပ်နယ်မြေအချို့တွင် စစ်ကောင်စီဗုံးကြဲတိုက်ခိုက်
ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အေထိန်းချုပ်နယ်မြေအချို့တွင် စစ်ကောင်စီက ယနေ့နေ့လယ်ပိုင်းတွင် ဂျက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကေအိုင်အိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

ကေအိုင်အေထိန်းချုပ်နယ်မြေအချို့တွင် စစ်ကောင်စီဗုံးကြဲတိုက်ခိုက်

 

စစ်ကောင်စီတပ်၏ဂျက်လေယာဉ်များသည် တပ်မဟာ ၅၊ တပ်ရင်း ၂၅ ထိန်းချုပ်နယ်မြေ၊ တပ်ရင်း ၃၀ ထိန်းချုပ်နယ်မြေနှင့် အလော့ဘွမ်တောင်တို့တွင် ဂျက်လေယာဉ်များဖြင့် အကြိမ်ကြိမ်လာရောက်ပစ်ခတ်ခဲ့သည်ဟု ကေအိုင်အိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။
“တပ်မဟာ ၅ တပ်ရင်း ၂၅ ထိန်းချုပ်နယ်‌မြေမှာ ဂျက်ဖိုက်တာ နှစ်ခါလာပစ်တယ်၊ တပ်ရင် ၃၀ ထိန်းချုပ်နယ်မြေ ဂျော်မော်ဘွမ်မှာလည်း ဂျက်ဖိုက်တာနဲ့နှစ်ခါလာပစ်တယ်၊ အလော့ဘွမ်မှာလည်းလာပစ်တယ်” ဟု ပြောသည်။
ကေအိုင်အေက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပိတ်ဆို့ထားသည့် ရှမ်ထိန်‌တောင်တွင်လည်း ယမန်နေ့ညနေ ၄ နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သူက ဆက်ပြောသည်။
မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကေအိုင်အေတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး မံစီမြို့နယ်တွင်လည်း ပစ်ခတ်မှုအချို့ရှိခဲ့သည်။
ပုံဟောင်းကို ပြန်လည် အသုံးပြုထားခြင်းဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ