ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှစ်ဦးဖြစ်ကြသည့် ကိုလွမ်းဇောင်းနှင့် မဆိုင်းနူးပန်တို့ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထိမ်းမြားလက်ထပ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ အင်ဂျန်ဒုံနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် ခရစ်ယာန်ထုံးတမ်းစဉ်လာနှင့်အညီ ထိမ်းမြားလက်ထပ်ခဲ့ခြင်းဖြစ်သည်။

ကိုလွမ်းဇောင်းနှင့် မဆိုင်းနူးပန်တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေလ ၂၁ ရက်နေ့တွင် ကားဖြင့်တိုက်ကာ အကြမ်းဖက် ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး အောက်တိုဘာလ ၁၉ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်လာသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ