စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် နဘက်ကြီးကျေးရွာနှင့် သစ္စေးကုန်းကျေးရွာကြားတွင် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့များအား တန့်ဆည် PDF တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ လူအင်အားလေးဆယ်ကျော်ခန့်ဖြင့် ကင်းလှည့်နေချိန် သစ္စေးကုန်း​ကျေးရွာရှိ မိုင်တဲတာဝါတိုင်အနီးတွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်သားရော၊ ရဲရောပါတယ်။ ဆိုင်ကယ်တွေနဲ့ ကင်းလှည့်နေကြတာနေမှာ။ လူအင်အား ၄၇ ယောက်လောက်ရှိတယ်။ နဘက်ကြီးကျော် သစ္စေးကုန်း မိုင်တဲတာဝါတိုင်နားလေးမှာ ခွဲခံရတာ” ဟုပြောသည်။

မိုင်းခွဲတိုက်ခိုက်ခံရ​သော​ကြောင့် စစ်​ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး​သေဆုံး​ကြောင်း ​ပြောဆို​နေကြ​သော်လည်း The 74 Media မှ အတည်မပြုနိုင်​သေးပါ။

တန့်ဆည်မြို့နယ်၊ နဘတ်ကြီးကျေးရွာအုပ်စု၊ နဘတ်ကြီးမယ်တော်နန်းအနီးတွင် အောက်တိုဘာ ၈ ရက်နေ့ကလည်း စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ