Breaking!!!
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်အချို့တွင် ယနေ့ည ၉နာရီခွဲဝန်းကျင်ခန့်က ပေါက်ကွဲသံနှင့်သေနတ်သံများ ဆက်တိုက်ကြားနေရသည်ဟု ဒေသခံများထံမှသိရသည်။
Breaking!!!

 

ည ၉ နာရီခွဲဝန်းကျင်၌ ပေါက်ကွဲသံအရင်ထွက်လာပြီး သေနတ်သံများ အဆက်မပြတ်ကြားနေရကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” ဟုတ်တယ် သေနတ်သံ ဆက်တိုက်ပစ်နေတာ ၁၀ ချက်လောက်ရှိမယ်။ အခုလည်း တချက်တချက် ပစ်နေတယ်။ ပထမဆုံးပေါက်တဲ့အသံ ၂ သံက အသံဗုံးထင်တယ်။
ပြီးမှ သေနတ်သံတွေ ဆက်တိုက်ကြားရတာ” ဟုပြောသည်။
ဒေသခံများသည် အသံဗုံးဖောက်သည့်သူအား ရဲများက သေနတ်ဖြင့် လိုက်လံပစ်ခတ်နေခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းပြောဆိုနေကြသည်။
မြစ်ကြီးနားမြို့၌ ညစဥ်ပေါက်ကွဲသံများကြားနေရသည်မှာ ရက်သတ္တပါတ်အချို့ရှိပြီဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ