Month: October 2022

ဖားကန့်တွင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များ ရမ်းသမ်းပစ်ခတ်သဖြင့် တစ်ဦးထိခိုက်ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာရှိ ရဲကင်းအနီးတွင် ယမန်နေ့ည ၁၀ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

မိုးညှင်း နောင်စွန်းတံတားထိပ်အနီး ယာဉ်တိုက်မှုကြောင့် ဆယ်ကျော်သက် လူငယ်တစ်ဦး ပြင်းထန်စွာဒဏ်ရာရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ဒေသအခေါ် နောင်စွန်းတံတားထိပ်အနီးတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ဆိုင်ကယ်နှစ်စီး ယာဉ်တိုက်မှုဖြစ်ခဲ့ရာ လူငယ်တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီပူးပေါင်းအဖွဲ့ အစည်းအဝေးပြုလုပ်နေချိန် ပစ်ခတ်ခံရသောကြောင့် ၁၀ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဒေသအခေါ် တိုင်းရုံးများ အနောက်ဘက်လမ်းတွင် စုဝေးနေသည့် စစ်ကောင်စီပူးပေါင်းအဖွဲ့ ယနေ့ နေ့လယ် သုံးနာရီခန့်က တိုက်ခိုက်ခံခဲ့ရသောကြောင့် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီပူးပေါင်းအဖွဲ့ အစည်းအဝေးပြုလုပ်နေချိန် ပစ်ခတ်ခံရသောကြောင့် ၁၀ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဒေသအခေါ် တိုင်းရုံးများ အနောက်ဘက်လမ်းတွင် စုဝေးနေသည့် စစ်ကောင်စီပူးပေါင်းအဖွဲ့ ယနေ့ နေ့လယ် သုံးနာရီခန့်က တိုက်ခိုက်ခံခဲ့ရသောကြောင့် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားတွင် တစ်လအတွင်း ယာဉ်တိုက်မှုကြောင့် ၁၀ ဦးထက်မနည်း သေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် စက်တင်ဘာလအတွင်း ယာဉ်တိုက်မှုပေါင်း ၃၀ ခန့်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၀ ဦးခန့်ရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းအချို့၏ အချက်အလက်များအရ သိရသည်။

ဖားကန့်တွင် သေနတ်ထောက်လုယက်မှုဖြစ်ပွား

ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်တွင် ယမန်နေ့ည ၁၀ နာရီခန့်က သေနတ်ကိုင်ဆောင်ထားသည့် အမည်မသိ လူသုံးဦးက လုယက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းတပ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး ပြန်လည်လွတ်မြောက် လာခြင်းမရှိသေး

မင်းတပ်မြို့မှ စစ်ရှောင်ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားပြီး တစ်ပါတ်ခန့်ကြာသည်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

ဖားကန့်တွင် ၅၀၅ (က) ဖြင့် ပြစ်ဒဏ်ကျခံရသူ ၁၂ ဦး ပြန်လည်လွတ်မြောက်

ဖားကန့်မြို့နယ်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံထားရသူ ၁၂ ဦး ယနေ့ နံနက် ၈ နာရီခန့်က ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်ရှိ ရဲစခန်းဝင်ပစ်ချိန် PDF နှစ်ဦးကျဆုံး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေ

ဆားလင်းကြီးမြို့နယ်ရှိ စစ်ကောင်စီရဲစခန်းတစ်ခုကို ယမန်နေ့ နံနက် ၆ နာရီခန့်က ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

မိုးညှင်း ကျားဖြူဇာတ်ရုံတွင် မူးယစ်ဆေးလွန်ကာအမျိုးသားတစ်ဦးသေဆုံးနေ

မိုးညှင်းမြို့၊ မိုးဒါးစုရပ်ကွက်ရှိ ကျားဖြူဇာတ်ရုံတွင် ယမန်နေ့ မွန်းလွဲနှစ်နာရီခန့်က မူးယစ်ဆေးအသုံးလွန်ကာ အမျိုးသားတစ်ဦးသေဆုံးနေကြောင်းသိရသည်။

စစ်ကောင်စီပစ်သည့် လက်နက်ကြီးကြောင့် ဖားကန့်တွင် နေအိမ်တစ်လုံးနှင့် ကားတစ်စီးပျက်စီး

စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ယမန်နေ့ည ၁၂ ခန့်က ဖားကန့်မြို့ အေးမြသာယာရပ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

နန့်စီးအောင်စစ်ဆေးရေးဂိတ်တွင် ဥပဒေမဲ့ဂိတ်ကြေးတောင်းခံမှုနှင့် စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာ

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ နန့်စီးအောင်စစ်ဆေးရေးဂိတ်တွင် ဥပဒေမဲ့ငွေကြေးကောက်ခံမှုနှင့် စစ်ဆေးမှုများပိုမိုတင်းကြပ်နေသောကြောင့် အဝေးပြေးယာဉ်မောင်းများ အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။