Month: September 2022

အင်းတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦးနှင့် အရပ်သားနှစ်ဦး သတ်ဖြတ်ခံရ

စစ်ကောင်စီစစ်ကြောင်းမှ အင်းတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)နှစ်ဦးနှင့် အရပ်သားပြည်သူနှစ်ဦးအား သတ်ဖြတ်ခံခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့က အလှပြင်ဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ရပ်ကွက်(၃) ကချင်နှစ်ခြင်းအသင်းတော်ဘုရားကျောင်းအနီးရှိ အလှပြင်ဆိုင်တစ်ဆိုင် ယနေ့ နံနက် သုံးနာရီခန့်က ဖောက်ထွင်းခံခဲ့ရကြောင်း သိရသည်။

ရေတွင်းထဲကျသွားသော ကြောင်ကိုဆင်းကယ်ရင်း အောက်စီဂျင်ပြတ်ကာ အမျိုးသားတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း တမူးမြို့မှ အမျိုးသားတစ်ဦး ယမန်နေ့ ‌နေ့လယ် ၁၂ နာရီ ခွဲခန့်က ရေတွင်းထဲသို့ကျသွားသော ကြောင်ကိုဆင်းကယ်ဆယ်ရင်း သေဆုံးခဲ့ကြောင်း သိရသည်။

PDF ထောက်ပံ့သည်ဟုစွပ်စွဲကာ နန်းမားပြည်သူနှစ်ဦး၏ နေအိမ်ကို စစ်ကောင်စီ ဖျက်ဆီး

ကချင်ပြည်နယ်၊ မိုးညှင်းမြိုနယ်၊ နန်းမားမြို့မှ နေအိမ်နှစ်လုံးကို အင်အား ၅၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့် ရဲများက လာရောက်ဖျက်ဆီးသွားကြောင်း သိရသည်။

မန်တုံမြို့မရဲစခန်းကို KIA တိုက်ခိုက်ဖျက်ဆီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေး

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်ရှိ မြို့မရဲစခန်းကို ယနေ့ မွန်းလွှဲ ၁ နာရီခွဲခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စခန်းကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၆၀ ဦးထက်မနည်းဖမ်းဆီးကာ ကျေးရွာကို မီးရှို့ဖျက်ဆီး

စစ်ကောင်စီစစ်ကြောင်းက မုံရွာမြို့နယ် နဂါးတွင်းကျေးရွာအတွင်းသို့ ယနေ့ နံနက် ၇ နာရီခန့်က စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံပြည်သူ ၆၀ ဦးထက်မနည်းဖမ်းဆီးကာ ကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပုလဲမြို့နယ်မှ Non-CDM ဝန်ထမ်းများ အလင်းဝင်ကြရန် နောက်ဆုံးအကြိမ် သတိပေးခံရ

ပုလဲမြို့နယ်မှ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများ စက်တင်ဘာလ ၂၀ ရက်နေ့တွင် အလင်းဝင်ကြရန် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နောက်ဆုံးအကြိမ် သတိပေးထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ကွတ်ခိုင်တွင် အမျိုးသားတစ်ဦး ဓားဒဏ်ရာဖြင့်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က အမျိုးသားတစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကုန်စုံဆိုင်တစ်ဆိုင်ကို မီးရှို့ပြီး ပြည်သူတစ်ဦးကို ဖမ်းဆီး

ဖားကန့်မြို့နယ် လုံးခင်းအုပ်စုရှိ ကုန်စုံဆိုင်တစ်ဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကယနေ့ နံနက် ၆ နာရီခန့်က မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံပြည်သူတစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်းသိရသည်။

ဝိုင်းမော်မြို့ အ.ထ.က (၁) ကျောင်းအနီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ပိုများလာသဖြင့် ဒေသခံများ အခက်တွေ့

ဝိုင်းမော်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအနီး မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူများ ပိုမိုများပြားလာပြီး အာဏာပိုင်များကအရေးယူမှုမရှိသောကြောင့် ဒေသခံများအနေဖြင့် မလုံမခြုံခံစားနေရကြောင်း သိရသည်။

စစ်ကိုင်း – ရွှေဘိုကားလမ်းတစ်နေရာတွင် အမျိုးသမီးနှစ်ဦးသတ်ဖြတ်ခံထားရ၊ အနီးတွင် ကလေးငယ်တစ်ဦးကို အသက်ရှင်လျက်တွေ့

စစ်ကိုင်းမြို့ နီလာရပ်ကွက် စစ်ကိုင်း – ရွှေဘို အမှတ် (၃) ခရိုင်ချင်းဆက်ကားလမ်းတွင် ယမန်နေ့ ညနေ ၃ နာရီခန့်က အမျိုးသမီးနှစ်ဦး သတ်ဖြတ်ခံထားရပြီး အနီးတွင်...

ဖားကန့်တွင် ဝါယာရှော့ကြောင့် နေအိမ် မီးလောင်မှုဖြစ်ပွား

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ ရှမ်းကုန်းဈေးမှ နေအိမ်တစ်လုံး ယနေ့ည ခြောက်နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။