Month: September 2021

ဘုတလင်မြို့နယ် တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် လက်ပံကျေးရွာနှင့် စိုင်ပြင်ကျေးရွာကြားတွင် စစ်ကောင်စီယာဉ်တန်း ၁၃ စီးသည် ယနေ့နံနက်  ၁၁ နာရီဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

ဖားကန့် အေးမြသာယာရပ်ကွက်တွင် ဗုံးကွဲ

ကချင်ပြည်နယ် ဖားကန့်မြို့ အေးမြသာယာရပ်ကွက် မနကျေးရွာတွင် ယနေ့ညနေ ၅ နာရီခွဲခန့်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လိုင်စင်မဲ့ယာဉ်များ သိမ်းဆည်းမည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် ဗန်းမော်တွင် ဆိုင်ကယ်အစီး ၁၀၀ ကျော်ဖမ်းဆီ

ကချင်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင်စစ်ဆေးသိမ်းဆည်းမည်ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဆုံးဖြတ်ခဲ့ကြောင်း သတင်းများထွက်ပေါခဲ့ပြီးနောက် ယနေ့ ဗန်းမော်မြို့တွင် ဆိုင်ကယ်အစီး ၁၀၀ ထက်မနည်းကို သိမ်းဆည်းလိုက်သည်ဟု သိရသည်။

လိုင်စင်မဲ့ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ရှောင်တခင် စစ်ဆေးသိမ်းဆည်းမည်ဟု သတင်းထွက်ပေါ်နေ

ကချင်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကို ရှောင်တခင်စစ်ဆေးသိမ်းဆည်းမည်ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဆုံးဖြတ်ခဲ့သည်ဟု သတင်းထွက်ပေါ်နေကြောင်း သိရသည်။

ရိက္ခာပို့သည့် ယာဉ်တန်းကို လုံခြုံရေးယူရန် စစ်ကောင်စီတပ်သားအလုံးအရင်းဖြင့် တပ်စွဲထား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးရှိ ခွန်ဆိုင်ယန်ကျေးရွာတွင် ရိက္ခာပို့သည့် ယာဉ်တန်းကို လုံခြုံရေးယူရန် စစ်ကောင်စီတပ်သား အလုံးအရင်းဖြင့် တပ်စွဲထားကြောင်း သိရသည်။

ကိုးကန့် (MNDAA) နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေ၊ ခြောက်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး – သိန္နီ ပြည်ထောင်စုလမ်းပေါ်တွင် စက်တင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကိုးကန့် (MNDAA) အကြားဖစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း ကိုးကန့်သတင်းမီဒီယာက...

ကသဲကျေးရွာအနီး ပြည်သူတစ်ဦး သေနတ်ကျည်ထိမှန်သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ ကသဲကျေးရွာအနီးရှိ ရထားသံလမ်းဘေးတွင် ယနေ့နံနက် ကိုးနာရီခန့်က ပြည်သူတစ်ဦး ကျည်ထိမှန်သေဆုံးနေကြောင်း သိရသည်။

မန်စေကျေးရွာတွင် လမ်းများပိတ်ဆို့နေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ မန်စေကျေးရွာအုပ်စုရှိ ကျေးရွာများမှ လမ်းများ မိုးရာသီတွင် တောင်ပြိုမှုကြောင့် လမ်းများပိတ်ဆို့နေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေကြောင်း သိရသည်။

လွန်ခဲ့သည့် ဆယ်ရက်အတွင်းဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ နီးပါးသေဆုံး

မြန်မာနိုင်ငံအနှံ့တွင် စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများတွင် စစ်ကောင်စီ ၂၈၃ ဦးခန့်သေဆုံးကြောင်း NUG ဝန်ကြီးဌာနများ၏ အချက်များအရ သိရသည်။

နာမည်ကျော် မြန်မာကာတွန်းဆရာနှစ်ဦး နိုင်ငံတကာဆုချီးမြှင့်ခံရ

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ရဲရဲတောက်ကာတွန်းများရေးဆွဲခဲ့သည့် နာမည်ကျော် မြန်မာကာတွန်းဆရာနှစ်ဦးကို အပြည်ပြည်ဆိုင်ရာကာတွန်းဆရာများအခွင့်အရေးကွန်ရက် (Cartoonists’ Rights Network International – CRNI) အဖွဲ့က ဆုချီးမြှင့်လိုက်သည်။  

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူနှစ်ဦးကို အကြောင်းမဲ့ပစ်ခတ်၊ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

ဖယ်ခုံတွင် စစ်​ကောင်စီတပ်၏ ပစ်ခတ်မှု​ကြောင့် ပြည်သူနှစ်ဦး ကျည်ထိမှန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ယနေ့ နေ့လယ် ၁၂ နာရီ​ကျော်မှစတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် PDF တို့အကြား တိုက်ပွဲ​တွင် ပြည်သူနှစ်ဦး​ ကျည်ထိမှန်ခဲ့​ကြောင်းသိရသည်။