Videos

နမ့်ဖတ်ကာ တိုက်လေယာဉ်ပျက်ကျတဲ့ ရုပ်သံဖိုင်ထွက်ပေါ်လာ

နမ့်ဖတ်ကာကျေးရွာအနီးမှာ တိုက်လေယာဉ်ပျက်ကျလာတဲ့အချိန် အမည်မသိအမျိုးသားနှစ်ဦး ကချင်ဘာသာစကားနဲ့ လေယာဉ်ပျက်ကျလာတဲ့အကြောင်း အပြန်အလှန်ပြောဆိုနေတဲ့ ရုပ်သံတစ်ခုထွက်ပေါ်လာပါတယ်။

တောလျှိုတောင်ကြားထဲက နမ့်ဖတ်ကာစစ်ရှောင်တွေ အကူအညီလိုအပ်နေ

KIA က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာကဒေသခံပြည်သူ တစ်ထောင်ကျော်ဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ https://youtu.be/beFygRMF1nY?feature=shared

ရဟတ်ယာဉ်ပစ်ချ၊ ပြည်သူ့စစ်စခန်းတွေသိမ်းခဲ့တဲ့ ကချင်ပြည်နယ်ရဲ့ ၂၀၂၄ နှစ်သစ်

၂၀၂၄ ရဲ့ နှစ်သစ် ပထမအပါတ်အတွင်း စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်တစ်စင်းကို KIA က ပစ်ချနိုင်ခဲ့တဲ့အပြင် ခေါင်လန်ဖူးဒေသက ပြည်သူ့စစ်ပူးပေါင်းတပ်စခန်းနဲ့ဖားကန့်မြို့နယ်က စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အတွက် ကချင်ပြည်နယ်မှာ စစ်ရေးတင်းမာနေပြီး...

“နိုင်ငံရေးမှာ လူမျိုးမရှိဘူး။ ဓမ္မနဲ့ အဓမ္မပဲရှိတယ်” – ဦးအားတီယောဟန် (လီဆူနိုင်ငံရေးသမား)

ဇန်နဝါရီလ ၈ ရက်နေ့က ဝိုင်းမော်မြို့နယ်မှာရှိတဲ့ ကျေးရွာတစ်ရွာမှာ စစ်ဘက်အရပ်ဘက်ဆိုင်ရာ လီဆူအမျိုးသားစုစည်းရေးတာဝန်ခံ ဦးအားတီယောဟန်က ပြည်သူတွေကို သွားရောက်တွေ့ဆုံခဲ့စဉ် အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။  

လောက်ကိုင်က စစ်ကောင်စီတပ်သားထောင်ချီ အထုတ်ပိုက်ပြီး ထွက်ခွာ

ဒကစ(လောက်ကိုင်) က အရာရှိ (၂၂၈) ဦး၊ ဗိုလ်မှူးချုပ်အဆင့်ရှိသူ (၆) ဦး၊ အခြားအဆင့် (၁၈၉၅) ဦးအပြင် နမ်ထင်းမိန်ရှန်းစခန်းကုန်းက တပ်ဖွဲ့ဝင် (၂၆၆) ဦးနဲ့...

စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို KIA ပစ်ချ

ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ကျေးရွာအနီး ယနေ့ မွန်းတည့် ၁၂ နာရီခန့်က စစ်ကောင်စီတပ်၏ ထောက်ပို့ ရဟတ်ယာဉ်တစ်စီးကို KIA ပစ်ချခဲ့ကြောင်း သိရသည်။

ဓာတ်ပုံနှစ်ပုံရဲ့ နောက်ကွယ်

ကရာတေးပြိုင်ပွဲတွေမှာ ဆုတွေရခဲ့ပေမဲ့ လက်ရှိအချိန်တော်လှန်ရေးရဲ့ ကျရာကဏ္ဍမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်နှစ်ဦးရဲ့အကြောင်းကို The 74 Media က တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးရွှေမင်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွင် သက်ကြီးရွယ်အို အများစုပါဝင်နေ

KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ဘော်ဆာဒီဌာနေပြည်သူ့စစ်တပ်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အများစုဟာ သက်ကြီးရွယ်အိုတွေဖြစ်နေပြီး အသက် ၇၀ ကျော်အရွယ်တွေလည်း ပါဝင်နေပါတယ်။  

KIA က ပြည်သူ့စစ်စခန်းတွေကို တစ်ချိန်တည်းမှာတိုက်ခိုက်၊ ရှမ်းမြောက်မှာ မြို့ ၉ မြို့အထိ သိမ်းပိုက်ထား

ပြည်သူ့စစ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံရလို့ အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ တစ်ချိန်တည်းမှာပဲ KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်ဂျာယန်မြို့နဲ့လိုင်ဇာမြို့တို့ကို အကြောင်းမဲ့ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။    

အပစ်ရပ်ရေးသဘောတူညီမှုရယူထားသော်လည်း စစ်ကောင်စီတပ်စခန်းနှင့် မြို့များဆက်တိုက်သိမ်းပိုက်ခံရ

စစ်ကောင်စီဘက်က ဘာတွေလိုက်လျောပေးခဲ့ရသလဲဆိုတာကို အသေးစိတ်မသိရသေးပေမဲ့ ဆွေးနွေးမှုအပြီး ၁၅ ရက်တာအပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့တာဟာ မဟာဗျူဟာအရရော၊ နည်းဗျူဟာအရပါအဘက်ဘက်က ကျရှုံးနေတဲ့ စစ်ကောင်စီတပ်အတွက် အသက်ရှူချောင်သွားစေတဲ့ ‘တိုင်းမ်အောက်’ (timeout) ဒါမှမဟုတ်...

၁၀၂၇ စစ်ဆင်ရေး စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်အဖွဲ့ တွေ့ဆုံမှုနဲ့ ရှမ်းမြောက်ရဲ့ တစ်ပါတ်တာတိုက်ပွဲအခြေအနေ

ကိုးကန့်ဒေသမှာ တိုက်ပွဲအနည်းငယ်လျော့နည်းသွားပေမဲ့ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ လားရှိုး စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။